BBC navigation

ပစ္စတိုးရီးယပ်စ် အာမခံ ရ

နောက်ဆုံး ရေးသားချိန် 22 ဖေဖေါ်ဝါရီလ 2013 - 16:12 GMT

ပစ္စတိုးရီးယပ်စ် ဟာ အာမခံကြေး ဒေါ်လာ ၁ သိန်း ၁ သောင်း ကျော် ပေးရမှာ ဖြစ်ပါတယ်

လူသတ်မှုနဲ့ တရားစွဲ ခံနေရတဲ့ တောင်အာဖရိက နိုင်ငံက မသန်းစွမ်း အပြေး ချန်ပီယံ အော်စကာ ပစ္စတိုးရီယပ်စ်ကို တောင်အာဖရိက ရာဇဝတ် တရားရုံး တခု ကနေ အာမခံ ပေးလိုက် ပါတယ်။

တရားသူကြီး ဒက်စမွန် နီယာက မစ္စတာ ပစ္စတိုးရီးယပ်စ် ဟာ ထွက်ပြေး တိမ်းရှောင် နိုင်သူ ဒါမှမဟုတ် အာမခံ ငြင်းဆို နိုင်လောက်အောင် လုံလောက် တဲ့ အကြမ်းဖက် ရမ်းကားတဲ့ ဇ ရှိတယ် ဆိုတာကို စွဲချက်တင် ရာမှာ အခိုင် အမာ မပြဆို နိုင်ဘူးလို့ ပြောကြား ပါတယ်။

ပစ္စတိုးရီးယပ်စ် ဟာ အာမခံကြေး ဒေါ်လာ ၁ သိန်း ၁ သောင်း ကျော် ပေးရမှာ ဖြစ်ပါတယ်။

သူဟာ အခု အမှုဖြစ်ခဲ့တဲ့ အိမ်ကို ပြန်သွားရမှာ မဟုတ် သလို၊ သူ့မှာ ရှိတဲ့ သေနတ်တွေနဲ့ နိုင်ငံကူး လက်မှတ် တွေကို ပြန်အပ် ရမှာ ဖြစ်ပါတယ်။

သူ့ကို စွဲဆို ထားတဲ့ အမှု အတွက် နောက်ထပ် ရုံးချိန်း ကိုတော့ ဇွန်လ ၄ ရက်နေ့ သတ်မှတ် လိုက်ပါတယ်။

သူ့ရည်စား ဖြစ်သူ ရီဗာ စတီယန် ကန့်ပ် ကို သတ်ဖြတ်ခဲ့ တယ်လို့ စွပ်စွဲ ထားချက် အပေါ် မစ္စတာ ပစ္စတိုးရီးယပ်စ်က ငြင်းဆိုထား ပါတယ်။

အိမ်ထဲကို ဖေါက်ထွင်း သူခိုး ဝင်လာတယ် အထင်နဲ့ အခုလို မှားယွင်း ပစ်ခတ် ခဲ့တာလို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။