BBC navigation

ဖီဖာ ဘောလုံးပွဲတွေမှာ ဂိုးစည်း နည်းပညာ သုံးမယ်

နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2013 - 17:56 GMT

ကမ္ဘာ့ဖလား အင်္ဂလန်နဲ့ ဂျာမဏီ ပွဲစဉ်မှာ ဂိုးဝင်သွားတဲ့ အလုံးကို ဒိုင်က ဂိုးမပေးခဲ့တာ ကိုကြည့်ပြီး ဖီဖာ စိတ်ပြောင်း

ဘောလုံး ဂိုးစည်း ကျော်ပြီး ဂိုးဝင် မဝင် ဆိုတာကို စစ်ဆေး သိရှိ နိုင်မယ့် နည်းပညာ (goal line technology) ထုတ်လုပ်ဖို့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကနေ ကုမ္ပဏီ တွေကို တင်ဒါ ခေါ်ယူ လိုက်ပြီ ဖြစ်ပါတယ်။

ဒီနည်းပညာကို လာမယ့် Confederations Cup နဲ့ ဘရားဇီးမှာ ၂၀၁၄ ကျရင် ကျင်းပမယ့် ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲတွေမှာ ထည့်သွင်း အသုံးပြု သွားမှာ ဖြစ်တယ် လို့လည်း ဖီဖာက ပြောပါတယ်။

အခုလို ဂိုစည်းကျော် မကျော် ဆိုတာကို ချက်ခြင်း သိနိုင်မယ့် နည်း စနစ်ကို သုံးဖို့ အတွက်၊ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လမှာ ဖီဖာက ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

အခု လောလောဆယ် မှာတော့ Hawk-Eye နဲ့ GoalRef နည်းပညာ နှစ်ခုကို ဖီဖာက လိုင်စင်ပေး ထားပြီး တခြား နည်းပညာတွေ ကိုလည်း စမ်းသပ်မှုတွေ ပြုလုပ်နေ ပါတယ်။

ဖီဖာ ဥက္ကဌ ဆတ်ဘ် ဘလက်တာ ကတော့ အခုလို နည်းစနစ် သုံးဖို့ကို အစပိုင်းမှာ ဆန့်ကျင်ခဲ့ ပေမယ့်လို့၊ တောင်အာဖရိက မှာ ကျင်းပ ခဲ့တဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အင်္ဂလန်နဲ့ ဂျာမဏီ ပွဲစဉ်မှာ ဂိုးဝင်သွားတဲ့ အလုံးကို ဒိုင်က ဂိုးပေးဖို့ ငြင်းဆန်ခဲ့ တာကို ကြည့်ပြီး စိတ်ပြောင်း သွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။