BBC navigation

EU က ဆီးရီးယားကို သုံးလ ထပ်တိုး အရေးယူ

နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2013 - 01:21 GMT

ဥရောပ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ CATHERINE ASHTON

ဆီးရီးယား နိုင်ငံအပေါ် နောက်ထပ် သုံးလ ထပ်ပြီး အရေးယူ ပိတ်ဆို့ထားဖို့ ဥရောပ သမဂ္ဂက ဆုံးဖြတ် လိုက်ပါတယ်။

လူတွေ သေစေနိုင်လောက်အောင် အစွမ်းမရှိတဲ့ လက်နက်တွေနဲ့ အတိုက်အခံတွေ အတွက် နည်းပညာ ပံ့ပိုးမှုတွေ အကူအညီတွေ များများ ပေးနိုင်ဖို့ အတွက် လက်နက် တင်သွင်းမှု ပိတ်ဆို့ ထားတာကို ပုံစံပြောင်း ခွင့်ပြုဖို့ လုပ်နေပါတယ်လို့ ဥရောပ နိုင်ငံခြား မူဝါဒ ရေးရာ အကြီးအကဲ ကတ်သရင်း အက်ရှ်တန်က ဆိုပါတယ်။

လက်နက် တင်သွင်းမှု ပိတ်ထားတာကို ဖယ်ရှား ပေးမှသာ ဆီးရီးယား သူပုန်တွေ လက်ထဲ လက်နက်တွေ ပိုမို ရောက်ရှိနိုင်မှာ ဖြစ်တဲ့ အတွက် ဗြိတိန်က တချိန်လုံး ဖိအား ပေးနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂက နောက်ဆုံး ထုတ်ပြန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာထဲမှာ ဆီးရီးယားက အစိုးရကော သူပုန် နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှု ကျူးလွန်နေပြီး အတိုက်အခံတွေကတော့ အတိုင်းအတာ အားဖြင့် နည်းပါးတယ်လို့ ဖော်ပြထားကြောင်း ဘီဘီစီ သတင်းထောက် တယောက်က ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။