BBC navigation

စားကုန်တွေ စစ်ဆေးဖို့ EU ပြင်

နောက်ဆုံး ရေးသားချိန် 14 ဖေဖေါ်ဝါရီလ 2013 - 01:27 GMT

အသားပါတဲ့ စားကုန်တွေ စစ်ဆေးဖို့ ပြင်နေပြီ

အမဲသားနဲ့ ထုတ်တဲ့ စားကုန်တွေမှာ မြင်းသားတွေ ပါနေတယ် ဆိုတဲ့ အရှုတ်တော်ပုံ ကြီးထွားလာချိန်မှာ စမ်းသပ် စစ်ဆေးမှုသစ်တွေ လုပ်ဆောင်ဖို့ ဥရောပ သမဂ္ဂ အလုပ်အမှုဆောင် အဖွဲ့က အဆို တင်သွင်းလိုက်ပါတယ်။

ဥရောပ တလွှားက အမဲသားပါတဲ့ စားကုန်တွေမှာ မြင်းသား ပါ မပါ စစ်ဆေးသင့် သလို တိရစ္ဆာန် ဆေးဝါးတွေမှာလည်း မြင်းသား ပါဝင်မှု ရှိမရှိ ဆိုတာကို သီးခြား စစ်ဆေးကြည့်သင့် တယ်လို့ စိုက်ပျိုးရေး ဆိုင်ရာ ဥရောပ ကော်မရှင်နာ မင်းကြီး တိုနီယို ဘော့ဂ်က ပြောပါတယ်။

ဒါဟာ ဥရောပ တလွှားက ပြဿနာ ဖြစ်တာမို့ ဥရောပ သမဂ္ဂက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဖြေရှာဖို့ လိုတယ်လို့ အိုင်ယာလန် စိုက်ပျိုးရေး ဝန်ကြီး ဆိုင်မွန် ကောဗ့်နေးက ဆိုပါတယ်။

အဆင်သင့် စားလို့ ရတဲ့ ကုန်ပစ္စည်းတွေမှာ အမဲသားက ထုတ်တယ်လို့ ရေးထားပေမယ့် မြင်းသားတွေ ရောပါလို့ ပြဿနာ တက်နေတဲ့ ဥရောပ နိုင်ငံ တော်တော်များများ တိုးလာနေတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။