BBC navigation

Chokri Belaid စျာပန စည်ကား

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 01:02 GMT

ချောက်ခရီ ဘယ်လာရိဒ် စျာပနာ စည်ကား

တူနီးရှား နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသတ်ခံလိုက် ရတဲ့ အတိုက်အခံ ခေါင်းဆောင် Chokri Belaid စျာပနကို လူအများအပြား လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။

တူးနစ်မြို့က သုဿန်မှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး မော်တော်ကားတွေကို မီးရှို့ ဖျက်ဆီးကာ တော်လှန်ရေးသစ် ဆင်နွှဲဖို့ ပန်ကြားခဲ့တဲ့ ဆန္ဒပြသမား တွေကို ရဲက မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အခုလို အတိုက်အခံ ခေါင်းဆောင် Chokri Belaid လုပ်ကြံ ခံရပြီးတဲ့နောက် အတက်ပညာရှင်တွေနဲ့ ဖွဲ့ထားတဲ့ အစိုးရကို သူဦးဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Hamadi Jabaliက ပြောပေမယ့် ဒါကို ပါလီမန်မှာ အမတ်နေရာ အများစုရထားတဲ့ အစ္စလာမ် ဝါဒီတွေ လွှမ်းမိုးရာ သူ့ရဲ့ အနာဒါ ပါတီ ကိုယ်တိုင်က ဆန့်ကျင်ခဲ့ ပါတယ်။

ဒီလုပ်ကြံသတ်ဖြတ်မှုမှာအစ္စလာမ် ဝါဒီတွေ လွှမ်းမိုးတဲ့ လက်ရှိ အစိုးရ ပတ်သက်နေတယ်လို့ လူတော်တော်များများပြစ်တင် ပြောဆို နေပြီး ဒါဟာ နိုင်ငံကို ဦးဆောင် နေတဲ့ အပိုင်းမှာ သဘောကွဲနေတာကို ပြနေတယ်လို့ ပြောပါတယ်။

မစ္စတာ ဘယ်လာရိဒ် ဇနီးသည်က ဘီဘီစီ အာရပ်ဌာနကို ပြောကြားရာမှာ ခင်ပွန်းသည် သေဆုံးရမှု အတွက် အာဏာရ ပါတီ ခေါင်းဆောင်ကို တရားစွဲမယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။