BBC navigation

ဆေးကျောင်းသူကို အဓမ္မ ပြုကျင့်မှု ဒေလီမှာ ကြားနာ

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2013 - 17:17 GMT

ကြားနား စစ်ဆေးမှုကို တရားရုံးက တခါးပိတ် ဆောင်ရွက်ခဲ့ ပါတယ်

အိန္ဒိယ နိုင်ငံမှာ ဆေးကျောင်းသူ တဦးကို အုပ်စုဖွဲ့ ဝိုင်း မုဒိမ်းကျင့် ခဲ့တယ်လို့ စွဲချက်တင် ခံထား ရတဲ့ အမျိုးသား ငါးဦးကို အင်္ဂါနေ့မှာ စတင် ကြားနာ စစ်ဆေး ရာမှာ အဲဒီ ကျောင်းသူရဲ့ ယောက်ျား လေး သူငယ်ချင်း ဖြစ်သူက သက်သေ ထွက်ဆို ခဲ့ပါတယ်။

ဒီဇင်ဘာလက ဖြစ်ပျက် ခဲ့တဲ့ ဒီဖြစ်ရပ် အတွင်း မိန်းကလေးရဲ့ သူငယ်ချင်း ဖြစ်သူဟာ လည်း အုပ်စုဖွဲ့ မုဒိမ်းကျင့် သူတွေရဲ့ အကြီး အကျယ် ရိုက်နှက် တာကို ခံခဲ့ ရတာ ဖြစ်ပါတယ်။

သူဟာ ဒေလီက တရားရုံးကို ဘီးတပ်လှည်းနဲ့ လာရောက် သက်သေ ထွက်ဆိုခဲ့တာ ဖြစ်ပြီး၊ ကြားနား စစ်ဆေးမှုကို တခါးပိတ် ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။

မုဒိမ်းမှုနဲ့ လူသတ်မှု ကျူးလွန် ခဲ့တယ်လို့ စွပ်စွဲခံ ရသူ ငါးဦး ကတော့ စွပ်စွဲ ချက်တွေ အပေါ် ငြင်းဆို ထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။