BBC navigation

အီရတ် အသေခံဗုံးခွဲမှု လူအများအပြား သေဆုံး

နောက်ဆုံး ရေးသားချိန် 3 ဖေဖေါ်ဝါရီလ 2013 - 16:10 GMT

ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရသူပေါင်း ၁၀၅ ဦး ရှိ

အီရတ်နိုင်ငံ မြောက်ပိုင်းက ကာကွပ် မြို့က ရဲ ဌာချုပ် ရှေ့မှာ အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၆ ဦး သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီပေါက်ကွဲမှု ကြောင့် ထိခိုက် ဒဏ်ရာ ရသူပေါင်း ၁၀၅ ဦး ရှိတယ်လို့ ကာကွက်မြို့ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။ ဒဏ်ရာ ရရှိသွားတဲ့ အထဲမှာ ရဲအရာရှိ တဦးလည်း ပါပါတယ်။

ဘဂ္ဂဒက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ ဒီပေါက်ကွဲမှု အပြီးမှာ ရဲဝတ်စုံ ဝတ်ထားတဲ့ နောက်ထပ် အသေခံ ဗုံးသမား နှစ်ဦးဟာ လက်ပစ် ဗုံးတွေနဲ့ ရဲဌာနချုပ် ထဲကို ဝင်စီးဖို့ ကြိုးစား ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမှာ အသေခံဗုံးခွဲ သမား တဦးကတော့ ရဲကပစ်လို့ သေဆုံး သွားပါတယ်။ နောက်ထပ် အသေခံ သမားတဦး ကတော့ သူ့အင်္ကျီမှာ တပ်ထားတဲ့ ဗုံးကို ရဲက နေ စနက်တန် ဖြုတ်ဖို့ ကြိုးစား စဉ်မှာ ဒဏ်ရာ ရရှိသွားပြီး နောက်ပိုင်းမှာ သေဆုံးသွား ပါတယ်။

ပေါက်ကွဲမှုကြောင့် မြို့ရဲ့ တယ်လီဖုန်း အိတ်ချိန်း ရုံးလည်း ဆိုးဆိုး ဝါးဝါး ထိခိုက် သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။