BBC navigation

ပါကစ္စတန် တိုက်ခိုက်မှု လူအများအပြား သေဆုံး

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 17:42 GMT

အာဖဂန်နယ်ခြား အနီး ပါကစ္စတန် နိုင်ငံ ခိုင်ဘာ ပတ်တွန်ခွား ပြည်နယ်က စစ်တပ်ဂိတ် တခု တိုက်ခိုက် ခံရတဲ့ အတွက် အနည်းဆုံး စစ်သား ၁၃ ဦးနဲ့ အရပ်သား ၁၀ ယောက် သေဆုံး သွားတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါ တယ်။

အစိုးရ ဝန်ထမ်းတွေ နေထိုင်ရာ အိမ်ဝန်းတွေ ဘက်ကို သွားတဲ့ အဝင်ဂိတ်ကို စစ်သွေးကြွ သုံးဆယ်လောက် ကနေ တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အ ပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့ရာ၊ အချိန် ၃ နာရီလောက် ကြာခဲ့ တယ်လို့ ရဲက ပြောပါတယ်။

သေဆုံးသွားတဲ့ အရပ်သားတွေ ထဲက ၆ ဦးကတော့ အမျိုးသမီးနဲ့ ကလေးငယ် ဖြစ်ပြီး၊ သူတို့ရဲ့ အိမ်ကို စစ်သွေးကြွေတွေ ပစ်လိုက်တဲ့ ရောကက် ကျရောက် ပေါက်ကွဲ ခဲ့တာကြောင့် သေဆုံး သွားကြတာ ဖြစ်ပါတယ်။

ပါကစ္စတန် တာလီဘန်တွေ ပြောတာ ကတော့ မကြာသေးခင်က မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သူတို့ရဲ့ တပ်မှူး နှစ်ဦး သေဆုံး သွားခဲ့တာကို ပြန် လက်စားချေတဲ့ အနေနဲ့ ဒီတိုက်ခိုက်မှုကို လုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။