BBC navigation

ဆမ်ဆောင်း ဥက္ကဌ အမှု အနိုင်ရ

နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2013 - 17:21 GMT
samsung

လျှပ်စစ်ပစ္စည်းမျိုးစုံနဲ့ နာမည်ရ ဆမ်ဆောင်း

တောင်ကိုရီးယား ရဲ့ ဧရာမ လျှပ်စစ် ကုမ္ပဏီကြီးဖြစ်တဲ့ ဆမ်ဆောင်းရဲ့ ဥက္ကဌ လီကွမ်ဟီး ကို ကုမ္ပဏီရဲ့ ဒေါ်လာသန်းထောင်ချီတန်တဲ့ ရှယ်ယာတွေ ရလိုမှုနဲ့ သူ့ရဲ့ မွေးချင်း တချို့က တရားစွဲဆိုထားခဲ့ရာမှာ အမှုကို ဆမ်ဆောင်းဥက္ကဌ လီကွမ်ဟီးက အနိုင်ရခဲ့ပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီ တည်ထောင်သူ မစ္စတာ လီးဟာ သူ့ ဖခင်သေဆုံးချိန်မှာ အမွေရတဲ့ ပိုင်ဆိုင်ခွင့် ရှယ်ယားအများအပြားကို ကျန်တဲ့ မွေးချင်းတွေကို ခွဲမပေးဘဲ ဝှက်ထားခဲ့တယ်လို့ စွပ်စွဲကြတာ ဖြစ်ပါတယ်။

တကယ်လို့ ဒီအမှုမှာ မစ္စတာ လီသာ ရှုံးခဲ့ရင် ဆမ်းဆောင်းကုမ္ပဏီဟာ တော်တော် မတည်မငြိမ်ဖြစ်သွားနိုင်တယ်လို့ သတင်းထောက်တွေက ပြောကြပါတယ်။ အခု သူ့ကို အနိုင်ပေးတဲ့ တရားရုံး ဆုံးဖြတ်ချက် ထွက်ပေါ်ပြီးနောက်မှာ ကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေ တက်သွားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။