BBC navigation

ဒမတ်စကပ်ကို အစ္စရေးတိုက်ခိုက်ဟုဆို

နောက်ဆုံး ရေးသားချိန် 30 ဇန်နဝါရီလ 2013 - 22:28 GMT
israel jet

ဗုဒ္ဓဟူးနေ့ မနက်က တိုက်ခိုက်ခံရ

ဒမတ်စကပ်မြို့တော် အနောက်မြောက်ပိုင်းက စစ်သုတေသန ဌာနတခုကို အစ္စရေး စစ်လေယာဉ်တွေ လာဗုံးကြဲ သွားတယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။

ဗုဒ္ဓဟူး နေ့ မနက် လင်းအားကြီးက ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှု အတွင်း အလုပ်သမား ၂ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက် ဒဏ်ရာ ရရှိကြောင်း ဆီးရီးယား အစိုးရ ရုပ်သံက ကြေညာပါတယ်။

လက်ဘနွန် နယ်စပ်ကို ဦးတည်သွားနေတဲ့ စစ်ယာဉ်တန်းကို အစ္စရေး ဘက်က ပစ်ခတ်ခဲ့တယ် ဆိုတဲ့ သတင်းကိုတော့ ဆီးရီးယား က ငြင်းဆန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု နဲ့ပတ်သက်ပြီး အစ္စရေး ဘက်က တရားဝင် အတည်ပြု ပြောကြားတာတော့ မရှိပါဘူး။

ဆီးရီးယား ဆီက လက်နက်တွေ လက်ဘနွန်က ဟစ်ဇဘိုလာ အစ္စလာမ် အုပ်စု လက်ထဲ ရောက်မှာ စိုးရိမ်ကြောင်း အစ္စရေး အာဏာပိုင်တွေ ဘက်က ထပ်ခါ တလဲလဲ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။