BBC navigation

ဂျွန်ကယ်ရီ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ပြီ

နောက်ဆုံး ရေးသားချိန် 30 ဇန်နဝါရီလ 2013 - 00:21 GMT
john kerry

နိုင်ငံခြားရေး ဝန်ကြီးသစ် ဂျွန်ကယ်ရီ

အမေရိကန် ပြည်ထောင်စု မှာတော့ ဆီးနိတ် လွှတ်တော်က ဂျွန်ကယ်ရီကို နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အတည်ပြုပေး လိုက်ပါတယ်။

သမ္မတ အိုဘားမားက လာမယ့် သောကြာ နေ့မှာ တာဝန်ကနေ အနားယူ တော့မယ့် ဟီလာရီ ကလင်တန် ရဲ့ နေရာမှာ အစားထိုး ခန့်ထားဖို့ မစ္စတာ ကယ်ရီကို ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။

ဆီးနိတ် လွှတ်တော် အမတ်လည်း ဖြစ်တဲ့ မစ္စတာ ကယ်ရီဟာ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီ ကနေ ဝင်ရောက် အရွေးခံခဲ့ ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

မစ္စတာ ကယ်ရီဟာ ဆီးနိတ် လွှတ်တော်ရဲ့ နိုင်ငံခြား ရေးရာ ကော်မတီမှာ ၂၈ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၄ နှစ်ကစလို့ အဲဒီ ကော်မတီရဲ့ အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။