BBC navigation

မွန်ဘိုင်း တိုက်ခိုက်မှု အတွက် အမေရိကန်နိုင်ငံသားကို ထောင်ဒဏ်ချ

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2013 - 23:32 GMT
David Headley ကိုအမှုစစ်ဆေးနေစဉ်

David Headley ကိုအမှုစစ်ဆေးနေစဉ်

အသက် ၅၂နှစ်အရွယ်ရှိ David Coleman Headley ဆိုသူကို ပါကစ္စတန်စစ်သွေးကြွ LeTအဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပူးပေါင်း ကြံစည်မှု အပါအဝင် စွဲချက် ၁၂ခုနဲ့ ပစ်ဒဏ် ချမှတ်လိုက်ပါတယ်။ သူဟာ သေဒဏ်မှ လွတ်ကင်းအောင်နဲ့ အိန္ဒိယကို အပို့မခံရအောင် အစိုးရ သက်သေ အဖြစ် ပူးပေါင်း ဆောင်ရွက် ခဲ့ပါတယ်။

ပထမ ငြင်းဆန်မှုတွေလုပ်ခဲ့ပြီး နောက်ဆုံးမှာ မွန်ဘိုင်းက ပစ်မှတ်တွေအတွက် ကင်းထောက်တဲ့ အလုပ်ကူ လုပ်ပေးခဲ့တဲ့လို့ သူကဝန်ခံသွားပါတယ်။

သူ့ကျူးလွန်မှုကြောင့် ပျက်စီး ထိခိုက်မှုကိုတိုင်းတာလို့မရပေမယ့် အမှုမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်တဲ့အတွက် ထောင်ဒဏ် ၃၅နှစ်ချတာ ဖြစ်တယ်လို့ ခရိုင်တရားသူကြီး Harry Leinenweber ကပြောပါတယ်။

သူဟာ ပါကစ္စတန်ဖခင်နဲ့ အမေရိကန်လူမျိုးမိခင်တို့က မွေးဖွားခဲ့ပြီး မူလ Daood Gilani ဆိုတဲ့နံမည်ကနေ Headley လို့၂၀၀၆ခုနှစ်မှာ ပြောင်းခဲ့ပါတယ်။ ဒီလိုပြောင်း လိုက်ခြင်းအားဖြင့်သူဟာ အမေရိကန် နိုင်ငံသားဖြစ်ပြီး မွတ်ဆလင် သို့မဟုတ်ပါကစ္စတန်ကဆိုတာ အိန္ဒိယကိုဝင်တဲ့အခါ မသိအောင်ပြုလုပ်တာလို့ တရားလိုရှေ့နေတွေက ပြောပါတယ်။

သူ့အနေနဲ့ ၂၀၀၂ နှစ်ကတည်းက ပါကစ္စတန် စစ်သွေးကြွ LeTနဲ့ ပါဝင် ပတ်သက်နေတာလို့ ရှေ့နေတွေကို ထွက်ချက် ပေးပါတယ်။

ချီကာဂိုကနေ ဖီလာဒဲဖီးယားကိုသွားဖို့ လေယာဉ်ပေါ်အတက်မှာ ၂၀၀၉ခု အောက်တိုဘာ လတုန်းကသူ့ကို FBIဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

၂၀၀၈ခုနှစ်နိုဝင်ဘာ ၂၆ရက်က သေနတ်သမားတွေက မွန်ဘိုင်းရှိ ဘူတာရုံ ဟိုတယ်ကြီးတွေနဲ့ ဂျူးယဉ်ကျေးမှုဌာနတို့ကို နာရီပေါင်း၆၀ စီးနင်းတိုက်ခိုက်တဲ့အတွက်လူပေါင်း ၁၆၆ယောက်သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။