BBC navigation

အလ်ဂျီးရီးယား စစ်တပ်က ဓာတ်ငွေ့ စက်ရုံကို ဝင်စီး

နောက်ဆုံး ရေးသားချိန် 19 ဇန်နဝါရီလ 2013 - 15:56 GMT

အသက်ရှင် ကျန်ရစ်တဲ့ ဓားစာခံ ဒါမှ မဟုတ် စစ်သွေးကြွတွေ ရှိသလား ဆိုတာ ကိုတော့ မသိရပါ

အလ်ဂျီးရီးယား နိုင်ငံက ဓာတ်ငွေ့ စက်ရုံမှာ အစ္စလာမ် စစ်သွေးကြွေတွေ ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ နိုင်ငံခြားသား ဓားစာခံတွေ လွတ်မြောက် ရေး အတွက် အလ်ဂျီးရီးယား အထူး တပ်ဖွဲ့တွေ ကနေ စက်ရုံကို နောက်ဆုံး ဝင်ရောက် စီးနင်းခဲ့ တယ်လို့ အလ်ဂျီးရီးယား သတင်းတွေက ဆိုပါတယ်။

အဲဒီလို ဝင်စီး ခဲ့စဉ်မှာ ပြန်ပေး သမား ၁၁ ဦးကို သုတ်သင် လိုက်တယ်လို့ အလ်ဂျီးရီးယား အရာရှိ တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖေါ်ပြ ပါတယ်။

ဒါပေမယ့်လို့ အဲဒီ မတိုင်ခင် မှာတော့ စစ်သွေးကြွ တွေဟာ ဓားစာခံ ၇ ဦးကို သတ်ဖြတ် လိုက်တယ်လို့ ဆိုပါတယ်။ အသက်ရှင် ကျန်နေ သေးတဲ့ ဓားစာခံ ဒါမှ မဟုတ် စစ်သွေးကြွတွေ ရှိသလား ဆိုတာ ကိုတော့ အဲဒီ အရာရှိတွေက ပြောဆိုခြင်း မရှိပါ။

ဒါပေမယ်လို့ ဒီသတင်းတွေ နဲ့ ပတ်သက်ပြီး သီးခြား အတည်ပြု နိုင်ခြင်း တော့ မရှိသေးပါ။

ဓားစာခံတွေကို ကယ်ထုတ်ဖို့ ကြိုးစား တာနဲ့ စက်ရုံကို ဗုံးဖေါက်ခွဲ ပစ်မယ်လို့ ပြန်ပေးသမား တဦးကနေ ခြိမ်းချောက်ခဲ့တဲ့ အကြောင်း လည်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ် ကတော့ ဓားစာခံ အဖြစ် ဖမ်းဆီးခံ ထားရတဲ့ ဗြိတိန် နိုင်ငံသား ၃၀ ထဲက ၁၀ ယောက်အောက် အရေ အတွက်ဟာ ဘာဖြစ်မှန်း မသိ စာရင်း ပျောက်နေ တယ်လို့ ပြောပါတယ်။

ပြင်သစ် နဲ့ အမေရိကန် ကတော့ သူတို့ နိုင်ငံသား တယောက်ဆီ သတ်ဖြတ် ခံလိုက်ရတယ် လို့ အတည်ပြု ပြောပါတယ်။

ပြင်သစ် ကတော့ သူတို့ နိုင်ငံသား တယောက်မှ ဓားစာခံ အဖြစ် မရှိတော့ ဘူးလို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။