BBC navigation

အယ်လ်ဂျီးရီးယားက ဓာတ်ငွေ့စက်ရုံ စီးနင်းမှု ပြီးဆုံး

နောက်ဆုံး ရေးသားချိန် 20 ဇန်နဝါရီလ 2013 - 00:37 GMT
algeria_hostage

စီးနင်းခံခဲ့ရတဲ့ သဘာဝ ဓာတ်ငွေ့ စက်ရုံ

ဆာဟာရ သဲကန္တာရ ထဲက သဘာဝ ဓာတ်ငွေ့ စက်ရုံကို အယ်လ်ဂျီးရီးယား အထူးတပ်ဖွဲ့ တွေက စီးနင်း ရှင်းလင်း ပစ်နိုင် ခဲ့လို့ အစ္စလာမ်မစ် စစ်သွေးကြွတွေက အဲဒီ စက်ရုံကို သိမ်းပိုက် ထားမှုဟာ ပြီးဆုံး သွားပြီလို့ အယ်လ်ဂျီးရီးယားက ပြောပါတယ်။

တာဝန်ရှိသူ တွေရဲ့ အဆို အရ အဲဒီ စက်ရုံ တခုလုံးကို စစ်သွေးကြွ တွေက မိုင်းတွေ ထောင်ထားခဲ့ ပါတယ်။

အခု စီးနင်းတိုက်ခိုက် ခဲ့မှု ဖြစ်စဉ်ကို အသေးစိတ် မသိရသေး ပေမယ့် အဲဒီ စစ်ဆင်မှု အပြီးမှာ အယ်လ်ဂျီးရီးယား အာဏာပိုင် တွေဘက်က စစ်သွေးကြွ ၁၁ ယောက်နဲ့ သူတို့ဖမ်းထားတဲ့ နိုင်ငံခြားသား ဓားစာခံ ၇ ယောက်တို့ သေဆုံး ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က စပြီး အဲဒီ စက်ရုံကို အစ္စလာမ်မစ် စစ်သွေးကြွတွေက စီးနင်းခဲ့ရာမှာ ဓားစာခံ ၂၃ ယောက်နဲ့ စစ်သွေးကြွ ၃၂ ယောက် သေဆုံး ခဲ့ပါတယ်။

လောလောဆယ်မှာတော့ အယ်လ်ဂျီးရီးယား တပ်ဖွဲ့တွေက အဲဒီ သဘာဝ ဓာတ်ငွေ့ စက်ရုံ အတွင်းမှာ ရှိနေနိုင်တဲ့ ထောင်ချောက် တွေကို လိုက်လံ ရှာဖွေ ရှင်းလင်း နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။