BBC navigation

မာလီမှာ ပြင်သစ်တပ်ဖွဲ့တွေ မြေပြင်ထိုးစစ်စတင်

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2013 - 23:44 GMT
mali_french

မာလီမှာ ပြင်သစ်တပ်တွေက မြေပြင် ထိုးစစ်တွေ စနေပြီ။

မာလီနိုင်ငံမှာတော့ ပြင်သစ် တပ်ဖွဲ့ တွေက အစ္စလာမ်မစ် စစ်သွေးကြွတွေကို မြေပြင် ထိုးစစ်တွေ စတင်နေပြီ ဖြစ်ပါတယ်။

ဒီယာဘလေးမြို့ရဲ့ အပြင်ဘက်မှာ မာလီတပ်ဖွဲ့ တွေနဲ့ အတူ ပြင်သစ် သံချပ်ကာ ကားတွေ တပ်စွဲ ထားကြ ပါတယ်။

ဒီစစ်သွေးကြွတွေဟာ သေသေချာချာ စီစဉ်ပြီး လျှင်မြန်စွာ လှုပ်ရှား နိုင်ကြတယ်လို့လည်း ပြင်သစ် အရာရှိတွေက ပြောပါတယ်။

အဲဒီ မြို့ကို အင်္ဂါညပိုင်းက ပြင်သစ် တိုက်လေယာဉ် တွေက ဗုံးကြဲတိုက်ခိုက် အပြီးမှာ စစ်သွေးကြွတွေဟာ သူတို့နေရာယူ ထားတဲ့ စခန်းတွေကို စွန့်ခွာပြီး အရပ်သားတွေ ထဲကို ရောနှော ဝင်ရောက် သွားကြတယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ ဒီစစ်သွေးကြွ တွေကို တိုက်ခိုက်ဖို့ အတွက် မြောက်အာဖရိက တပ်ဖွဲ့တွေ ထဲမှာ ပါဝင်တဲ့ နိုင်ဂျီးရီးယား တပ်ဖွဲ့တွေဟာ ကြာသပတေးနေ့မှာ မာလီကို ရောက်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။