BBC navigation

ပါကစ္စတန်မှာ အသေခံ ဗုံးခွဲမှုကြောင့် အများအပြားသေ

နောက်ဆုံး ရေးသားချိန် 10 ဇန်နဝါရီလ 2013 - 23:34 GMT
ပါကစ္စတန် ဗုံးကွဲမှုမြင်ကွင်း

ပါကစ္စတန် ဗုံးကွဲမှုမြင်ကွင်း

ပါကစ္စတန်နိုင်ငံ ကွာတာမြို့က ဘိလစ်ခုံမှာ နှစ်ဆင့် ပေါက်ကွဲမှုအတွင်း ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် အများအပြား သေကြေ ဒဏ်ရာရတာ ဖြစ်ပါတယ်။ ပထမဗုံးတလုံး ပေါက်ကွဲပြီး ရဲနဲ့ မီဒီယာသမားတွေ ချက်ခြင်း ရောက်လာစဉ် နောက်တလုံး ပေါက်ကွဲတာဖြစ်ပါတယ်။

အကြီးတန်းရဲအရာရှိ Hamid Shakil အပြောကတော့ ပထမပေါက်ကွဲမှုနဲ့ ဒုတိယ ပေါက်ကွဲမှုဟာ ၁၀မိနစ်ဘဲကွာခြားတယ်လို့ဆိုပါတယ်။ ပထမအကြိမ် အသေခံဗုံးခွဲသူက ခြေလျင်လာတာဖြစ်နိုင်ပြီး ဒုတိယ အကြိမ်ကတော့ ကားဗုံး ထောင်ထားတာလို့ ယူဆရကြောင်း ရဲကပြောပါတယ်။

အခုသေဆုံးသူတွေထဲမှာ မီဒယာသမား နှစ်ယောက် ပုဂ္ဂလိက ကယ်ဆယ်ရေး အဖွဲ့က လုပ်သား ၄ယောက်နဲ့ ရဲ၅ယောက်ပါဝင်ပါတယ်။

အခုဖြစ်တဲ့နေရာဟာ လူနည်းစု ရှအာ မွတ်စလင်တွေ နေတဲ့နေရာ ဖြစ်တယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး အက်ဘာဒူရနီက ပြောပါတယ်။ သေဆုံး ဒဏ်ရာရသူ အများစု ဟာ ရှအာ မွတ်စလင်တွေဖြစ်ပြီး သေဆုံးသူ နောက်ထပ် တိုးလာနိုင်တယ်လို့ ရဲအရာရှိကပြောပါတယ်။

လက်ရှ်ကာ အိ ဂျန်ဗီလို့ခေါ်တဲ့ ပိတ်ပင်ခံထားရတဲ့ ဆူနီမွတ်ဆလင် အဖွဲ့က သူတို့လက်ချက်လို့ကြေညာသွားပါတယ်။

ဆူနီဘာသာရေး ဆရာတယောက် ဗုဒ္ဓဟူးနေ့က သေနတ်ပစ်ခံရပြီး လက်ရှ်ကာအဖွဲ့ပုန်းအောင်းတယ်လို့ မသင်္ကာတဲ့နေရာက လက်နက်ပုန်းတွေ ဖမ်းမိတာကို လက်စားချေတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ အစိုးရအရာရှိကြီးတယောက်က ဘီဘီစီကိုပြောသွားပါတယ်။

ကွတ်တာ စျေးထဲက နောက်ထပ် ပေါက်ကွဲမှုမှာ လူ ၁၁ ယောက် သေဆုံးပါတယ်။

Swat ဒေသ ဘာသာရေး ပွဲတော်တခု မှာလဲ ပေါက်ကွဲမှုကြောင့် လူ ၂ဝ ကျော် သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။