BBC navigation

ဘဏ်တွေမှာ ရှိရမယ့် ငွေသားနဲ့ ပိုင်ဆိုင်မှု သတ်မှတ်ဖို့ သဘောတူ

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 00:12 GMT

ဗြိတိန်က ဘဏ်ကြီးတွေ

နောက်ထပ် ဘဏ္ဍာရေး ပျက်ကပ် ဆိုက်တဲ့ အရေးကို ရှောင်ရှားနိုင်ဖို့ ဘဏ်တွေမှာ အနိမ့်ဆုံး ရှိရမယ့် ငွေသား ပမာဏ ဒါမှမဟုတ် ရောင်းချနိုင်တဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေကို သတ်မှတ်ဖို့ စည်းကမ်းတွေကို ဗဟိုဘဏ်တွေနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ကြီးကြပ်မှု အဖွဲ့တွေက ပထမဆုံး အကြိမ် သဘောတူ လိုက်ကြပါပြီ။

ဆွစ်ဇာလန် မှာရှိတဲ့ ဘဏ်ကြီးကြပ် ကွပ်ကဲရေး အဖွဲ့ Basel Committee ရဲ့ သဘောတူ ဆုံးဖြတ်ချက်က ဘယ်ဘဏ် မဆို အစိုးရ အကူအညီ မပါဘဲ တလလောက် အရေးပေါ် ရပ်တည်နိုင်အောင် စီမံလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘဏ်တွေ အနေနဲ့ အခုလို စံချိန်စံညွှန်း သတ်မှတ်ချက် ကိုက်ညီအောင် လုပ်ဆောင်ဖို့ မူလ သတ်မှတ်ထားတဲ့ ၂၀၁၅ ခုနှစ်ထက် နောက်ထပ် လေးနှစ် အချိန်ရတာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် ကျမှ ဒီစည်းမျဉ်းကို ကျင့်သုံး အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။