BBC navigation

ဘဲလ်ဖတ်စ် အလံ အဓိကရုဏ်း

နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2013 - 00:41 GMT
belfast

ကားတွေလဲ မီးတင်ရှို့ ခံရ

မြောက်ပိုင်း အိုင်ယာလန် က ဘဲလ်ဖတ်စ် မြို့တော် ခန်းမမှာ ယူနီယံ ဂျက်အလံ နေ့တိုင်း မလွှင့်ဖို့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ လူအုပ်နဲ့ ရဲအကြား တတိယ နေ့ ဆက်လက် အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ပုလင်းတွေ အုတ်ခဲတွေ မီးပန်းတွေနဲ့ ပစ်ပေါက်ကြလို့ ရဲက ရေပိုက်နဲ့ ထိုးပြီး လူစုခွဲ ခဲ့ရပါတယ်။

ကားတွေလဲ မီးတင်ရှို့ ခံရပါတယ်။

သေနတ်ပစ်မှုတွေ ဖြစ်ပွားတယ်လို့ သတင်းရရှိပြီးနောက် လူသတ်ရန် ကြံစည်မှုနဲ့ လူတယောက်ကို ဖမ်းထားပါတယ်။

ဘဲလ်ဖတ်စ် မြို့ အရှေ့ပိုင်း မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး လူ အတော်များများကို ဖမ်းထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။