BBC navigation

ကလင်တန် ဦးနှောက် သွေးခဲလို့ ဆေးရုံ တင်ထားရ

နောက်ဆုံး ရေးသားချိန် 1 ဇန်နဝါရီလ 2013 - 00:51 GMT

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဦးခေါင်းမှာ သွေးခဲတဲ့ အတွက် နယူးယောက်မြို့မှာ ဆေးရုံတက်နေရပြီး သူမ ကောင်းကောင်း ပြန်ကျန်းမာလာဖို့ မျှော်လင့်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

သူမရဲ့ ညာဖက် နားရွက်နောက် ဦးခေါင်းခွံ အောက်မှာ သွေးခဲခဲ့တာ ဖြစ်ပေမယ့် လေဖြတ်တာ ဒါမှမဟုတ် တခြား ဦးနှောက်ထိခိုက်မှုတွေ မဖြစ်ခဲ့ဘူးလို့ ဆရာဝန်တွေက ဆိုပါတယ်။

မစ္စက် ကလင်တန်ဟာ သတိကောင်းကောင်း ရနေပြီး မိသားစုဝင်တွေ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပြောဆို ဆက်ဆံမှုတွေ ရှိနေတယ်လို့ သူမရဲ့ ဆရာဝန်တွေက အခြေအနေကို ရှင်းပြခဲ့ပါတယ်။

ဒီဇင်ဘာ အစောပိုင်း တုန်းက ခေါင်းထိခိုက်ပြီး မေ့မျော သွားခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မစ္စက် ကလင်တန်က လာရောက် ဆေးစစ်မှုတွေ လုပ်ခဲ့ရာမှာ အခုလို ခေါင်းမှာ သွေးခဲနေတာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။