BBC navigation

အီဂျစ် ငွေတန်ဖိုး စံချိန်တင်အောင်ကျ

နောက်ဆုံး ရေးသားချိန် 31 ဒီဇင်ဘာလ 2012 - 15:03 GMT
egypt

ငွေ တန်ဖိုး မကျအောင် ဗဟိုဘဏ် ကြိုးစား

အီဂျစ် ငွေတန်ဖိုး စံချိန်တင်အောင် ကျဆင်း နေတာကို စိတ်မပူဘူးလို့ အီဂျစ် သမ္မတ မော်စီ က ပြောကြား လိုက်ပါတယ်။

ရက်ပိုင်းအတွင်း အခြေအနေ ပြန်ကောင်းလာမယ်လို့ မစ္စတာ မော်စီ ပြောကြောင်း အီဂျစ် အစိုးရ သတင်းဌာန က ကြေညာ ခဲ့ပါတယ်။

အီဂျစ် ပေါင်ငွေ တန်ဖိုး မကျအောင် ထိန်းတဲ့ အနေနဲ့ ဗဟိုဘဏ်ကနေ နိုင်ငံခြား ငွေလဲ လုပ်ငန်းကို ဘဏ်ကလေးတွေဆီ လေလံပစ်တဲ့ စနစ် ကျင့်သုံးချိန်မှာ သမ္မတ မော်စီက ဒီလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ခုအခြေအနေမှာ အီဂျစ် နိုင်ငံသား တွေ တော်တော်များများ အမေရိကန် ဒေါ်လာ ပြောင်းပြီး ကိုင်ထားကြလို့ အီဂျစ်ငွေ တန်ဖိုးကျမှာ စိုးနေရပါတယ်။

စီးပွားရေး ပြုပြင်မှုတွေ လုပ်ဖို့ မစ္စတာ မော်စီက ကြွေးကြော် ထားပေမယ့် သူ့အစိုးရကို အယုံအကြည် အတော်နည်းနေကြတယ်လို့ အကဲခတ်တွေက ပြောဆိုနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။