BBC navigation

ဂျပန် နျူကလီးယား စွမ်းအင် ပြန်သုံးသပ်မယ်

နောက်ဆုံး ရေးသားချိန် 27 ဒီဇင်ဘာလ 2012 - 18:22 GMT

လွတ်လပ်တဲ့ နျူကလီးယား အာဏာပိုင် အဖွဲ့က စိတ်ချရတယ်လို့ ပြောရင် ဆက်လုပ်မယ်

ဂျပန် နိုင်ငံရဲ့ နျူကလီးယား စွမ်းအင် ထုတ်လုပ် သုံးစွဲမှု တွေကို တဖြည်းဖြည်းချင်း လျှော့ချ သွားပြီး ၂၀၄၀ ခုနှစ် လောက်မှာ လုံးဝ ရပ်နားဖို့ ဆိုတဲ့ အရင် အစိုးရရဲ့ အစီ အစဉ်တွေ ကို အခု အစိုးရ သစ်က ပြန်ပြီး သုံးသပ်မှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

အစိုးရ သစ်ရဲ့ ကုန်သွယ်ရေးနဲ့ စက်မှု လုပ်ငန်း ဝန်ကြီး တိုရှီမစ်ဆု မိုတီဂီ က ပြောကြားရာ မှာတော့ လွတ်လပ်တဲ့ နျူကလီးယား အာဏာပိုင် အဖွဲ့ က ဓာတ်ပေါင်းဖို တွေ လုံခြုံ စိတ်ချရတယ် ဆိုပြီး အတည်ပြုချက် ပေးရင်တော့ နျူကလီးယား စွမ်းအင် ပြန်သုံးဖို့ကို ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ရှင်ဆို ဘာအေး ကလည်း နိုင်ငံ့ စီးပွား ပြန်လည် သုံးသပ်ရေး ကြီးမားတဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ ကတိပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ နှစ်က မြေငလျင်နဲ့ ဆူနာမီ ကြောင့် ဖူကူရှီမား နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ဓာတ်ရောင်ခြည် ယိုစိမ့်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း၊ အရင် အစိုးရက နျူကလီးယား စွမ်းအင် အသုံးပြု နေတာတွေ လုံးဝ အဆုံးသတ် မယ်ဆိုပြီး ကတိပေး ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။