BBC navigation

အမေရိကန်မှာ နှင်းမုန်တိုင်းကျ

နောက်ဆုံး ရေးသားချိန် 27 ဒီဇင်ဘာလ 2012 - 01:20 GMT

နှင်းတွေဝေတဲ့ အမေရိကန် ဆောင်းရာသီ

အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ လေဆင်နှာမောင်း အကြိမ် သုံးဆယ်ကျော်လောက်နဲ့ နှင်းမုန်တိုင်းတွေ တိုက်ခတ် ခဲ့တာကြောင့် အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့ပါတယ်။

အခုလို ခရစ်စမတ် ရာသီ ကာလမှာ ထောင်သောင်းချီတဲ့ လူတွေဟာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ရင်ဆိုင် နေရပြီး ရာနဲ့ချီတဲ့ လေကြောင်းလိုင်း တွေလည်း ပျံသန်းမှု ရပ်ဆိုင်း ခဲ့ပါတယ်။

ယာဉ်ကြော ပိတ်ဆို့မှုနဲ့ သစ်ပင်တွေ ပြိုလဲကျမှု တွေကြောင်း လူခြောက်ယောက် သေဆုံးသွားတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

မုန်တိုင်းဟာ အရှေ့မြောက်ဖက်ကို ရွေ့လျားနေပြီး နယူးယောက် ပြည်နယ်နဲ့ မြောက်ပိုင်းက နယူး အင်္ဂလန် တို့မှာ နှင်းထု ၄၆ စင်တီမီတာလောက် ကျမယ်လို့ မိုးဇလ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။