BBC navigation

အီဂျစ် ဆန္ဒ ခံယူပွဲ မသမာလို့ စွပ်စွဲ

နောက်ဆုံး ရေးသားချိန် 23 ဒီဇင်ဘာလ 2012 - 16:13 GMT
egypt

မဲပေး ထောက်ခံရုံနဲ့ ပွဲက မပြီး

အီဂျစ် အခြေခံ ဥပဒေ မူကြမ်း ဆန္ဒ ခံယူပွဲ မသမာမှုတွေ စုံစမ်း ဖော်ထုတ် ပေးဖို့ ကို အီဂျစ် အဓိက အတိုက်အခံ အုပ်စုက တောင်းဆို လိုက်ပါတယ်။

အခြေခံ ဥပဒေ ကို ၆ဝ ရာခိုင်နှုန်းကျော်နဲ့ ထောက်ခံ အတည်ပြု ဖွယ် ရှိပြီး အစ္စလာမ် ဝါဒီများ ကြီးမှူး ရေးဆွဲတဲ့ ဒီ အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲမှာ မဲ မသမာမှု တွေ ရှိတယ်လို့ အတိုက်အခံ အမျိုးသား ကယ်တင်ရေး တပ်ဦး ပြောကြား လိုက်ပါတယ်။

အတိုက်အခံ အမျိုးသား ကယ်တင်ရေး တပ်ဦးက ပြောခွင့်ရ ခါလစ် ဒေါက်ကတော့ ဒီ အခြေခံ ဥပဒေ ဟာ နှစ်ပေါင်းများစွာ အုပ်စိုးမယ့် ဥပဒေ ဖြစ်ပါတယ်။ ပြဿနာက ၆ဝ-၄ဝ ရာခိုင်နှုန်း အချိုးနဲ့ အတည်ပြု ခဲ့တဲ့ ကိစ္စပါ။ ကော့ပတစ် ခရစ်ယာန်တွေနဲ့ လစ်ဘရယ် အုပ်စုတွေ ပါဝင်တဲ့ အီဂျစ် ပြည်သူ အတော်များများက ဒီအခြေခံ ဥပဒေကို မကြိုက်ကြပါဘူး၊ ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်က သူတို့ ကြုံတွေ့ ခဲ့တဲ့ တော်လှန်ရေး စံနှုန်း နဲ့လဲ မကိုက်ညီပါဘူး။ လွတ်လပ်မှု၊ လူမှုရေး နဲ့ စီးပွားရေး အခွင့်အရေး တွေ ပိုအာမခံ နိုင်မယ့် အခြေခံ ဥပဒေ မျိုးပဲ လိုလားတယ်၊ အစ္စလာမ် ဝါဒီ တွေက ချုပ်ချယ် ကန့်သတ်မှု တွေနဲ့ အစ္စလာမ် နိုင်ငံ တည်ဆောက်ဖို့ ကြံနေတယ်လို့ ပြောကြား သွားပါတယ်။

ဒီမဲရလဒ် ကို တော့ ကန့်ကွက် သွားမှာ မဟုတ်ဘူးလို့ ခါလစ် ဒေါက်က ဆိုပါတယ်။

မဲပေး ထောက်ခံရုံနဲ့ ပွဲက ပြီးမသွားဘဲ တိုက်ပွဲ ဆက်ရအုံးမယ်လို့ အတိုက်အခံ အုပ်စုက ပြောပါတယ်။

ဒီ အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲ ကြောင့် သမ္မတ မော်စီ နဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ထောက်ခံသူ တွေနဲ့ လစ်ဘရယ် ဝါဒီ အတိုက်အခံ တွေကြား နိုင်ငံရေး ကွဲပြားပြီး ဂယက် ရိုက်ခတ်မှု ကြီးခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။