BBC navigation

ကမ္ဘာ့ပျက်မယ် ဆိုတဲ့ ဒီဇင်ဘာ နှစ်ဆယ့်တစ်

နောက်ဆုံး ရေးသားချိန် 20 ဒီဇင်ဘာလ 2012 - 17:04 GMT

တရုတ်နိုင်ငံ လယ်သမား တဦး ကတော့ ဒီဇင်ဘာ ၂၁ အတွက် အခုလို ပြင်ဆင်ထား ပါတယ်

မာယာ ရှေးဟောင်း ပြက္ခဒိန် အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ရက် နေ့မှာ ကမ္ဘာကြီး ပျက်မယ် ဆိုတဲ့ ပြောဆို သံတွေကြောင့် ကမ္ဘာ တဝန်းမှာ စိုးရိမ် ပူပန် သူတွေ ရှိနေပါတယ်။

၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့မှာ ကမ္ဘာကြီး ပျက်မယ် ဆိုတဲ့ ပြောဆို ချက်တွေဟာ အင်တာနက်နဲ့ ဟောလီဝုဒ် ရုပ်ရှင်ကားတွေ ကြောင့် တဟုန်ထိုး ပျံ့နှံ့သွား ခဲ့တာပါ။

ရိုက်တာ သတင်း ဌာနက ကောက်ယူတဲ့ စစ်တမ်းတွေ အရ ကမ္ဘာ တဝန်း လူ ၁၀ ယောက် မှာ ၁ ယောက် လောက်ဟာ ဒီဇင်ဘာ ၂၁ ရက် နေ့နဲ့ ပတ်သက်လို့ အကြီး အကျယ် စိုးရိမ် နေကြတယ်လို့ သိရပါတယ် ။

ဟာရီကိန်း မုန်တိုင်းတွေ၊ စစ်ပွဲတွေ၊ တခါ အမျိုး အမည် မသိတဲ့ ဂြိုဟ်တု တခု ကမ္ဘာကြီးနဲ့ ထိပ်ချင်း တိုက်မိမယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆို မှုတွေကြောင့်လည်း စိုးရိမ် မှုတွေကို ပိုကြီးထွားလာ စေခဲ့ပါတယ်။

အဓိက ကတော့ နှစ်ပေါင်း ၅၀၀၀ ကျော် သက်တမ်း ရှိတဲ့ မာယာ ရှေးဟောင်း ပြက္ခဒိန်ဟာ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် နေ့မှာ အဆုံးသတ် သွားတာကြောင့် ကမ္ဘာကြီး ပျက်မယ် ဆိုတာကို သတိပေးတဲ့ သက်သေ အထောက် အထား ဖြစ်တယ် ဆိုပြီး ထောက်ပြ နေကြတာပါ။

ဒါပေမယ့်လည်း Fingerprints of God ဆိုတဲ့ စာအုပ်ကို ရေးသား ပြုစုခဲ့တဲ့ Graham Hancock ကတော့ ဒီပြက္ခဒိန် က အဆုံးသတ် သွားတာ မဟုတ်ပဲ အသစ် ပြန်စတဲ့ အထိမ်း အမှတ် လက္ခဏာကို ဖေါ်ပြ နေတာလို့ ပြောပါတယ်။

ဂြိုလ်ကြီးတခု ကမ္ဘာကြီးနဲ့ လာတိုက်မိမယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ဟာလည်း လုံးဝ အခြေအမြစ် မရှိဘူးလို့ နာဆာ နက္ခတ္တ ဗေဒပညာရှင် David Morrison က ပြောပါတယ်။

ဒီတော့ အခု ဒီဇင်ဘာလ ၂၁ ရက် နေ့မှာ ကမ္ဘာကြီး ပျက်မယ် ဆိုတဲ့ အယူတွေ အစား၊ နောက်တနေ့ ဒီဇင်ဘာလ ၂၂ ရက် နေ့ဟာ အသစ် ပြန်လည် ဖြစ်ထွန်းတဲ့ နေ့ အဖြစ် အပြု သဘော လက္ခဏာလို့ မျှော်လင့် ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။