BBC navigation

ဂရိ အသက်ရှူချောင်လာ

နောက်ဆုံး ရေးသားချိန် 19 ဒီဇင်ဘာလ 2012 - 01:11 GMT
greece

ဂရိ အကြွေးပုံ ထဲ နစ်မနေတော့ဆို

ဂရိ နိုင်ငံရဲ့ အကြွေး တင်မှု အဆင့် သတ်မှတ်ချက်ကို စတင်းဒတ်နဲ့ ပူး ခရက်ဒစ် အေဂျင်စီ အဖွဲ့ တွေက အဆင့် ၆ ဆင့် ပြန်တင် ပေးလိုက် ပြီး ဂရိ စီးပွားရေး တည်ငြိမ်တဲ့ လက္ခဏာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဂရိကို ယူရို ဇုန်ထဲက ထွက်မသွားရအောင် ဥရောပ သမဂ္ဂရဲ့ စိုက်လိုက်မတ်တတ် ကူညီမှုတွေကြောင့် ဂရိ ဟာ အကြွေးပုံ ထဲ နစ်နေတဲ့ အခြေအနေမှာ မရှိတော့ဘူးလို့ ခရက်ဒစ် အေဂျင်စီ အဖွဲ့များက ပြောကြား ပါတယ်။

အရင်ပတ် ကပဲ ဂရိကို နိုင်ငံတကာ က အကြွေး ကယ်ဆယ်ရေး အကူအညီတွေ ပေးခဲ့ပါတယ်။

ဂရိ ပြဿနာ တွေ ပြီးဆုံး သွားပြီ လို့တော့ ယူဆလို့ မရသေးကြောင်း အေသင် မြို့တော်က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။