BBC navigation

ဂျပန်ရွေးကောက်ပွဲ LDP ပါတီအနိုင်ရ

နောက်ဆုံး ရေးသားချိန် 16 ဒီဇင်ဘာလ 2012 - 16:33 GMT
အနိုင်ရပါတီခေါင်းဆောင် ရှင်ဇိုအာဘေး

အနိုင်ရပါတီခေါင်းဆောင် ရှင်ဇိုအာဘေး

ဂျပန် ရွေးကောက်ပွဲ နောက်ဆုံး ရလဒ် တွေ အရ အရင်က နှစ်ပေါင်း များစွာ ကြီးစိုး ခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီ(LDP) တကျော့ပြန် အာဏာ ရ လာတော့မယ်လို့ သိရပါတယ်။

နှစ်ရှည်လများအာဏာရခဲ့တဲ့ LDP ကို ပယ်ချပြီး ဒီမိုကရက်ပါတီအစိုးရကို လူထာက ရွေးချယ်ခဲ့တာ သုံးနှစ်တာရှိသွားပါပြီ။ ဒီကနေ့တော့ အဲဒီဆုံးဖြတ်ချက်ကို နောက်ကြောင်းပြန်လှည့်ပြီး LDP ပါတီအာဏာပြန်ရအောင် လူထုက တခဲနက်ထောက်ခံလိုက်ပါတယ်။ ဂျပန်နိုင်ငံရဲ့နောက်ဖြစ်မယ့် ဝန်ကြီးချုပ်ကတော့ လက်ျာ အမျိုးသားရေးဝါဒီ Shinzo Abe ဖြစ်ပါတယ်။

သူအာဏာရလာရင် တရုတ်နိုင်ငံကို ခပ်တင်းတင်းဆက်ဆံပြီး ဂျပန်နိုင်ငံရဲ့ ပြေငြိမ်းရေးမူဝါဒပါတဲ့ အခြေခံဥပဒေကိုလည်း ပြင်ချင်တယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီမူဝါဒတွေကို အခုရွေးကောက်ပွဲမှာ အမတ် ၆၀ နေရာရနိင်တဲ့ လက်ယာယိမ်း ဂျပန်ပြုပြင်ပြောင်းလဲရေးပါတီက လိုလားထောက်ခံပါတယ်။ အခုတော့ အများကခန့်မှန်းနေသလိုဂျပန်နိုင်ငံက လက်ယာဘက်ကို မူဝါဒအားဖြင့် တဆစ်ချိုးပြောင်းလဲသွားတာဖြစ်တယ်လို့ တိုကျိုရှိ ဘီဘီစီသတင်းထောက် Rupert Wingfeild Hayes ကသတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။