BBC navigation

ဆီးရီးယား တိုက်ပွဲတွေရပ်သွားဖို့က အဓိကလို့ ရုရှားဆို

နောက်ဆုံး ရေးသားချိန် 10 ဒီဇင်ဘာလ 2012 - 01:35 GMT

ဟီလာရီ ကလင်တန်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov

ဆီးရီးယား သမ္မတရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ထွက်ပေါက် တခုပေးဖို့ ရုရှားက ဆွေးနွေးနေတယ် ၊ ရုရှားရဲ့ ရပ်တည်ချက် အနေအထား ပြောင်းလဲသွားပြီ ဆိုတဲ့ သတင်းတွေကို ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ငြင်းဆို လိုက်ပါတယ်။

ရုရှားတို့ရဲ့ ရပ်တည်ချက်ကို ပျော့ပြောင်း သွားပြီလို့ အမေရိကန်တို့ဖက်က ဆိုနေပေမယ့် ဒါတွေက မမှန်ပါဘူးလို့ မစ္စတာ လာဗ်ရော့ဗ်က ဆိုပါတယ်။

ရုရှားက ဆီးရီးယားရဲ့ ကာလရှည်ကြာ မဟာမိတ် နိုင်ငံတခုပါ ၊ အဓိက ဦးစားပေး ရမှာက ဖြစ်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်သွားဖို့ပါ ၊ တဦးတယောက်ရဲ့ ကံကြမ္မာကို ဆွေးနွေးဖို့ မဟုတ်ပါဘူးလို့ သူက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ နိုင်ငံရေး အရ အဖြေရှာတဲ့ နေရာမှာ သမ္မတ ဘတ်ရှား အယ် အာဆက်ဒ် ရာထူးက ဆင်းပေးမှု ပါဝင်ရမယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။