BBC navigation

အီဂျစ်သမ္မတ လိုက်လျောမှု ပြပေမယ့် အတိုက်အခံ ဆက်ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 10 ဒီဇင်ဘာလ 2012 - 01:47 GMT

အီဂျစ် သမ္မတ မော်စီ

အီဂျစ်နိုင်ငံမှာ သမ္မတ မိုဟာမက် မော်စီ တင်ပြလာတဲ့ ဖွဲ့စည်းပုံ မူကြမ်းကို ဆန့်ကျင်တဲ့ အနေနဲ့ လာမယ့် အင်္ဂါနေ့မှာ ထပ်မံ စုရုံး ဆန္ဒပြကြဖို့ အဓိက အတိုက်အခံ ညွှန့်ပေါင်း အဖွဲ့ အမျိုးသား ကယ်တင်ရေး တပ်ဦးက ဆော်သြ လိုက်ပါတယ်။

ဒါ့အပြင် ပြင်ဆင်ခဲ့တဲ့ ဖွဲ့စည်းပုံ မူကြမ်းအားသီတင်း တပတ်အတွင်း လူထုဆန္ဒ ခံယူဖို့ ကိစ္စကို သူတို့က ပယ်ချကြောင်း အပြင်းအထန် ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတ မော်စီကလည်း စစ်တပ် အနေနဲ့ တိုင်းပြည် လုံခြုံရေးကို ထိန်းသိမ်း သင့်တယ် ၊ လူထု ဆန္ဒခံယူပွဲတွေ ကျင်းပနိုင် တိုင်းပြည်ရဲ့ အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်သင့်တယ်လို့ အမိန့်ထုတ် ထားပါတယ်။

ဒါပေမယ့် ဒီကိစ္စကြောင့် မကြာသေးခင်က အရပ်ဖက် အုပ်ချုပ်ရေးကို လွှဲပေးခဲ့တဲ့ စစ်အုပ်ချုပ်ရေး စံနစ်ဆီကို ပြန်သွားမှာ အတိုက်အခံတွေကြား စိုးရိမ် ပူပန်မှုတွေ တိုးလာစေလိမ့်မယ်လို့ ကိုင်ရိုမြို့က ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။