BBC navigation

ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အဓိကရုဏ်း လူသေ

နောက်ဆုံး ရေးသားချိန် 9 ဒီဇင်ဘာလ 2012 - 16:34 GMT
bangladesh

နိုင်ငံရေး အုပ်စုတွေကြား အဓိကရုဏ်းဖြစ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံ တလွှား ၈ နာရီ ကြာ လမ်းပိတ် ဆန္ဒပြဖို့ ကြိုးစားတဲ့ အတိုက်အခံ တွေနဲ့ ပြိုင်ဘက် နိုင်ငံရေး အုပ်စုတွေကြား အဓိကရုဏ်း တွေမှာ အနည်းဆုံး ၂ ယောက် သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲက ဆိုပါတယ်။

ဓာတ်ဆီဗုံး တွေ နဲ့ ကားတွေကို မီးရှို့ ခဲ့တဲ့ ဆန္ဒပြသူ တွေကို လူစုခွဲဖို့ ထောင်နဲ့ချီတဲ့ ရဲတွေ ချထား ခဲ့ပါတယ်။

ဒါကာ မြို့တော်က ဂဘ်တိုလီ မြောက်ပိုင်း ဒေသကို အတိုက်အခံနဲ့ အစိုးရ ထောက်ခံသူတွေ အကြား စစ်မြေပြင်လို ဖြစ်ခဲ့တယ်လို့ ရဲက ဆိုပါတယ်။

ဆန္ဒပြသူ ဒါဇင်နဲ့ချီပြီး ဖမ်းဆီး ခံခဲ့ရပါတယ်။

လာမယ့် လွှတ်တော် ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ အိမ်စောင့် အစိုးရ ပြန်ဖွဲ့ပေးရေး အဓိက အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ နဲ့ မဟာမိတ် အဖွဲ့တွေက တောင်းဆို နေကြတာ ဖြစ်ပါတယ်။

အိမ်စောင့် အစိုးရ ဖွဲ့ပြီး ရွေးကောက်ပွဲ ကျင်းပတဲ့ စနစ်ကို လက်ရှိ အစိုးရက မနှစ်က ဖျက်သိမ်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။