BBC navigation

ဒုသမ္မတနဲ့ အဖွဲ့ ရခိုင်ပြည်နယ် သွားရောက်

နောက်ဆုံး ရေးသားချိန် 8 ဒီဇင်ဘာလ 2012 - 16:45 GMT

ဒုသမ္မတရဲ့ ခရီးစဉ်ဟာ အရေးပါတဲ့ ခရီးစဉ် ဖြစ်တယ် လို့ သုံးသပ် သူတွေက ပြောပါတယ်

မြန်မာ ဒုတိယ သမ္မတ စိုင်းမောက်ခမ်း ဦးဆောင်ပြီး နိုင်ငံခြား သံတမန် တွေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ ပါဝင်တဲ့ အဖွဲ့ ဝင် ၆၀ ခန့် ဟာ သောကြာနေ့က စစ်တွေကို ရောက်ရှိ လာပြီး ရခိုင် ပြည်နယ်က ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ ပါတယ်။

ဒုသမ္မတနဲ့ အဖွဲ့ဟာ စနေနေ့ မနက်မှာ ပေါက်တော မြို့နယ် အလယ် ဖရုံကာကျွန်းမှာ တည်ရှိတဲ့ ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည် စခန်းတွေ ကို သွားရောက် ကြည့်ရှု့ခဲ့ ပါတယ်။

မွတ်ဆလင် ဒုက္ခသည် တွေက သူတို့ အနေနဲ့ စစ်တွေတို့ ပေါက်တော တို့ ဘက်ကို သွားလာလို့ မရ ဖြစ်နေတဲ့ အကြောင်း ဒုသမ္မတကို တင်ပြ ခဲ့ကြတယ်လို့ သိရ ပါတယ်။

သောကြာနေ့ ကတော့ ဒုသမ္မတနဲ့ အဖွဲ့ဟာ မင်းပြားမြို့နယ် စမ်ဘလေ မွတ်ဆလင် ကျေးရွာနဲ့ မောင်တော မြို့နယ်က ရွှေရင်အေးနဲ့ မောရဝတီ ရခိုင် ဒုက္ခသည် စခန်း တွေဆီ သွားရောက် ခဲ့ကြ ပါတယ်။

စနေနေ့ နေ့လယ် ပိုင်းမှာတော့ ဒုသမ္မတနဲ့ အဖွဲ့ဟာ စစ်တွေ ကနေ ရန်ကုန်ကို တပ်မတော် လေယာဉ်နဲ့ ပြန်လည် ထွက်ခွာသွား ကြပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် လည်း ဖြစ်၊ အရေးပေါ် ညှိနှိုင်းရေးမှူး လည်းဖြစ်တဲ့ ဗယ်လာရီ အေးမို့စ်၊ ရခိုင် ဒေသကို ရောက်လာပြီး နောက် အခုလို ဒုသမ္မတ လာရောက် ခဲ့တာ ဖြစ်တဲ့ အတွက် ဒီခရီးစဉ်ဟာ အရေး ပါတဲ့ ခရီးစဉ် တစ်ခု ဖြစ်တယ် လို့ သုံးသပ် သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။