BBC navigation

အီတလီ ဝန်ကြီးချုပ် နားတော့မယ်

နောက်ဆုံး ရေးသားချိန် 9 ဒီဇင်ဘာလ 2012 - 00:14 GMT
monti

တာဝန်ကနေ နားမယ်ဆိုတဲ့ ဝန်ကြီးချုပ်မွန်တီ

အီတလီ နိုင်ငံမှာတော့ ဝန်ကြီးချုပ် မာရီယို မွန်တီက သူတာဝန်ကနေ အနားယူတော့မယ်လို့ သမ္မတ ဂျော်ဂျီယို နပိုလီတန်နို ကို ပြောလိုက် ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် အစောပိုင်းက ဆေလ်ဗီယို ဘာလူစကိုနီရဲ့ People of Freedom Party က အစိုးရပေါ် ထောက်ခံနေမှုကို ရုတ်သိမ်းသွား ခဲ့တဲ့ နောက်ပိုင်းမှာ မစ္စတာ မွန်တီက သူအနေနဲ့ ပါလီမန်ရဲ့ ယုံကြည်မှုကို မရတော့သလို ခံစား ရတဲ့ အကြောင်း ပြောပါတယ်။

မစ္စတာ မွန်တီဟာ စီးပွားရေး ပညာရှင် တယောက်ဖြစ်ပြီး ရွေးကောက်တင်မြောက် ခြင်းမခံရတဲ့ နည်းပညာပိုင်း ကျွမ်းကျင်သူတွေ အများစု ပါဝင်တဲ့ ကက်ဘိနက်ကို ခေါင်းဆောင် နေတာ ဖြစ်ပါတယ်။ သူက သူမဆင်းခင်မှာ ဘတ်ဂျက် သစ်နဲ့ ဘဏ္ဍာရေး တည်ငြိမ်မှု ဆိုင်ရာ ဥပဒေတွေကို ပြဌာန်း သွားမယ်လို့ ဆိုထားပါတယ်။

အရင် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘာလူစကိုနီက နောက်နှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမယ်လို့ ကြေညာ ခဲ့အပြီး မကြာခင်မှာ အခုလို မစ္စတာ မွန်တီက ပြောကြား လိုက်တာ ဖြစ်ပါတယ်။ မစ္စတာ ဘာလူစကိုနီ ကတော့ သူအခုလို ပြန်အရွေးခံမှာ ကလည်း တိုင်းပြည် အတွက် တာဝန်ယူချင် လို့သာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။