BBC navigation

အဝေးရောက် ဟားမတ်စ်ခေါင်းဆောင် ဂါဇာ ရောက်ရှိ

နောက်ဆုံး ရေးသားချိန် 7 ဒီဇင်ဘာလ 2012 - 15:26 GMT

မစ္စတာ မာရှဲလ်က ဂါဇာဟာ သူ့နှလုံးသား ထဲမှာ အမြဲတမ်း ရှိနေတာ ပါလို့ ပြောကြား

အဝေးရောက် ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် ခါလိဒ် မာရှဲလ် ဟာ နှစ်ပေါင်း ၄၀ နီးပါး အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ဂါဇာ ကမ်းမြောင် ဒေသကို အလည်အပတ် ရောက်ရှိ လာပါတယ်။

မစ္စတာ မာရှဲလ်က ဂါဇာဟာ သူ့နှလုံးသား ထဲမှာ အမြဲတမ်း ရှိနေတာ ပါလို့ ပြောကြားပြီး၊ ဂါဇာ ကမ်းမြောင် ဒေသက ဟားမတ်စ် အဖွဲ့ ခေါင်းဆောင် အစ္စမေးလ် ဟားနီးယား ကလည်း ခါလိဒ် မာရှဲလ်ရဲ့ ခရီးစဉ်ကို ကြိုဆို လိုက်ပါတယ်။

မစ္စတာ မာရှဲလ်ဟာ ဂါဇာကို အုပ်ချုပ် နေတဲ့ ဟားမတ်စ် အဖွဲ့ ၂၅ နှစ် ပြည့် အခမ်း အနား ကို ကျင်းပမှာ ဖြစ်ပါတယ်။

ဟားမတ်စ် အဖွဲ့ရဲ့ သြဇာနဲ့ အင်အား တိုးမြင့် လာမှုနဲ့ အတူ မစ္စတာ မာရှဲလ်ရဲ့ အခု ခရီးစဉ်ဟာ အလွန် တရာမှ အ ရေးပါကြောင်း သတင်းထောက် တွေက ပြောပါ တယ်။

ဟားမတ်စ်ရဲ့ အဓိက ပြိုင်ဖက် အဖွဲ့ ဖြစ်တဲ့ ဖက်တား အဖွဲ့က အရာရှိတွေ ဟာလည်း ဟားမတ်စ် ၂၅ နှစ်ပြည့် အတွက် ဂါဇာမှာ ရောက်ရှိ နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။