BBC navigation

ဂျူးအိမ်ယာသစ် အစီအစဉ် ငြိမ်းချမ်းရေးကို ဟန့်တား

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 01:41 GMT

ပါလက်စတိုင်း အစ္စရေး ညှိနှိုင်းရေးမှူး ဆာရိဘ် အီကရက်

ဂျေရုဆလင်နားက သိမ်းပိုက် နယ်မြေအတွင်း အစ္စရေးရဲ့ ထောင်နဲ့ချီတဲ့ ဂျူးအိမ်ယာသစ် ဆောက်လုပ်မယ့် အစီအစဉ်ဟာ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းကြမယ့် နောက်ဆုံး မျှော်လင့်ချက်ကို ဖျက်ဆီးပစ်ရာ ရောက်လိမ့်မယ်လို့ ပါလက်စတိုင်း ခေါင်းဆောင်တွေက သတိပေးလိုက် ပါတယ်။

ဒီအစီအစဉ်တွေက ငြိမ်းချမ်းရေးကို မီးနီပြနေတယ်လို့ သမ္မတ မာမွတ် အာဘတ်စ်က ဆိုသလို ဂျူးအိမ်ယာသစ် ဆောက်မယ့် အစ္စရေးရဲ့ ဆုံးဖြတ်ချက်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရပ်သွားစေတဲ့ အရာအဖြစ် သတ်မှတ် ရလိမ့်မယ်လို့ ထိပ်တန်း ညှိနှိုင်းရေးမှူး Saeb Erekat က ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့တုန်းက ဒီဆောက်လုပ်ရေး အစီအစဉ်ကို အစ္စရေးက ကနဉီး အတည်ပြု ပေးခဲ့တာ ဖြစ်ပါတယ်။

ဥရောပကို ခရီး အစပိုင်းမှာ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူးက သူ့အစိုးရ အနေနဲ့ ပါလက်စတိုင်းနဲ့ အစ္စရေး နှစ်နိုင်ငံ ပေါ်ထွန်းလာရေး အဖြေရှာမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။