BBC navigation

ဗြိတိသျှ နန်းဆက်ခံခွင့် ဥပဒေသစ်ထွက်မယ်

နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2012 - 01:45 GMT
kate william

ဗြိတိသျှ ဒုတိယ နန်းလျာ မောင်နှံ ရင်သွေးရ

ဝီလျံ မင်းသား ရဲ့ ကြင်ယာတော် ကိန်းဘရစ် မြို့စားကတော် ကက်သရင်း ကိုယ်ဝန် ရှိနေပြီ လို့ ကြေညာပြီး နောက်တရက်မှာပဲ ဗြိတိသျှ ထီးနန်း ဆက်ခံခွင့်မှာ အမျိုးသမီး တွေကို ခွဲခြား နှိမ့်ချထားမှုကို ပယ်ဖျက်တဲ့ ဥပဒေ သစ်တရပ် ထွက်လာဖို့ နီးစပ်လာပြီလို့ သိရပါတယ်။

အလဇ္ဇဘက် ဘုရင်မကို နိုင်ငံ့ ဥသျှောင် တင်မြှောက် ထားတဲ့ ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင် ၁၅ နိုင်ငံ စလုံးနဲ့ သဘော တူညီမှု ရပြီး ဖြစ်လို့ ဥပဒေ တရပ် ပါလီမန်ကို အမြန်ဆုံး တင်သွင်းမယ်လို့ ဗြိတိသျှ အစိုးရက ပြောကြား ပါတယ်။

ဥပဒေ သစ်အရ ဝီလျံနဲ့ ကိတ် တို့ရဲ့ ပထမဆုံး ရင်သွေးဟာ မိန်းကလေး ဖြစ်စေကာမူ ထီးနန်း ဆက်ခံခွင့်ရ နန်းလျာ စာရင်းမှာ ပါလာတော့မှာ ဖြစ်ပါတယ်။

ဥပဒေ သစ်အရ နောက်ထပ် သားတော်တွေ ထွန်းကား ခဲ့ရင်တောင် ဒီသမီးတော်က ထီးနန်း ဆက်ခံခွင့် တတိယ နေရာမှာပဲ ဆက်ရှိ နေမှာ ဖြစ်ပါတယ်။

ကက်သလစ် ဘာသာဝင်နဲ့ လက်ထပ်သူကို ထီးနန်းဆက်ခံ ခွင့် မပြုတဲ့ အချက်ကိုလဲ ပယ်ဖျက်တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။