BBC navigation

ဆီးရီးယားမှာ အင်တာနက် ပြန်သုံးနိုင်

နောက်ဆုံး ရေးသားချိန် 2 ဒီဇင်ဘာလ 2012 - 01:17 GMT
syria

အင်တာနက် သုံးနေတဲ့ ဆီးရီးယား အတိုက်အခံ တဦး

ဆီးရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က စပြီး ဆက်သွယ်ရေး စနစ် တွေရပ်ဆိုင်း သွားခဲ့ရာက အခုတော့ တချို့ နေရာ တွေမှာ အင်တာနက်နဲ့ တယ်လီဖုန်း တွေ ပြည်လည် သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

နိုင်ငံပိုင် သတင်းဌာနကတော့ အခုလို ရပ်ဆိုင်း သွားခဲ့ရတာက ပြုပြင် မွန်းမံမှုတွေ လုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံတကာ လေဆိပ် အနီးက ရပ်ကွက် တွေအပါအဝင် ဒမတ်စကပ်စ် မြို့ရဲ့ အနီးတဝိုက်က ပစ်မှတ် တွေကို ဆီရီးယား အစိုးရ စစ်တပ် ဘက်က ၃ ရက်မြောက် နေ့အဖြစ် တိုက်ခိုက် နေပါတယ်။ ဆီးရီးယား နိုင်ငံပိုင် ရုပ်မြင်ကတော့ လေဆိပ်ကို ဖွင့်လှစ်ထားဆဲ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာ သူတွေကတော့ စနေနေ့က နိုင်ငံတဝှမ်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ တွေအတွင်းမှာ လူပေါင်း ၁၁၀ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ထက်ဝက် ကျော်လောက်ဟာ ရိဖ် ဒီမာ့စ်ခ် ပြည်နယ်နဲ့ အလက်ပို မြို့တွေဘက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။