BBC navigation

တရုတ် ပင်လယ်ရဲတပ်ဖွဲ့ လုပ်ပိုင်ခွင့်ပိုရ

နောက်ဆုံး ရေးသားချိန် 29 နိုဝင်ဘာလ 2012 - 17:38 GMT

ကင်းလှည့် ရဲတပ်ဖွဲ့ကို အရင်က အကန့် အသတ်နဲ့သာ လုပ်ပိုင်ခွင့် ပေးထားတာ ဖြစ်ပါတယ်

တောင်တရုတ် ပင်လယ်က အငြင်းပွား ရေပိုင်နက် ထဲမှာ လှုပ်ရှား နေတဲ့ တရုတ် ပင်လယ်ပြင် ရဲတပ်ဖွဲ့ အနေနဲ့ သင်္ဘောတွေ ပေါ်ကို တက်ရောက် ရှာဖွေခွင့် ရရှိဖို့ အတွက် တရုတ် အစိုးရ ကနေ ပင်လယ်ပြင် ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့် အာဏာ ပိုပေး တော့မှာ ဖြစ်ပါတယ်။

ဟိုင်နန် ပြည်နယ်က ကျွန်းတွေမှာ ကင်းလှည့် နေတဲ့ ရဲတွေဟာ အဲဒီ ပင်လယ်ပြင်မှာ ရပ်နားနေတဲ့ နိုင်ငံခြား သင်္ဘောတွေနဲ့ ရေကြောင်း စည်းကမ်းတွေ ချိုးဖေါက် တဲ့ သင်္ဘောတွေ ပေါ်ကို တက်ရောက် စစ်ဆေးခွင့် ရရှိမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံ ပိုင် သတင်းစာမှာ ရေးသားထား ပါတယ်။

တရုတ် နိုင်ငံဟာ အဲဒီ ပင်လယ်ပြင်မှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံ တို့နဲ့ ရေပိုင်နက် အငြင်းပွား နေမှု အရှိန် မြင့်တက် လာနေ ချိန်မှာ အခုလို လုပ်ဆောင်မယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

သူပိုင် ငါပိုင် အငြင်းပွားနေတဲ့ သန္တာကျောက်တန်းတွေနဲ့ ကျွန်းစုတွေကို တရုတ်တို့က သူတို့ ပိုင်တယ်လို့ ကြေညာ ပြောဆို နေတဲ့အပေါ် ဖိလစ်ပိုင်နဲ့ ဗီယက်နမ် တို့က အပြင်း အထန် ဆန့်ကျင် ကန့်ကွက် နေကြတာ ဖြစ်ပါတယ်။

တရုတ် ရေပိုင်နက်ထဲ ဝင်ရောက် လာတဲ့ နိုင်ငံခြား သင်္ဘောတွေကို လိုက်လံ မောင်းထုတ် ဖို့ အတွက် ကင်းလှည့် ရဲတပ်ဖွဲ့ကို အရင်က အကန့် အသတ်နဲ့သာ လုပ်ပိုင်ခွင့် ပေးထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။