BBC navigation

စစ်ရာဇဝတ်မှုတွေ အာဂျင်တီးနား ကြားနာ

နောက်ဆုံး ရေးသားချိန် 29 နိုဝင်ဘာလ 2012 - 00:53 GMT
argentina court

စစ်အရာရှိဟောင်းကြီးတွေ အမှု ရင်ဆိုင်နေရ

၁၉၇၆ ခုနှစ်က ၁၉၈၃ ခုနှစ် အတွင်း အာဂျင်တီးနား စစ်အစိုးရ ခေတ်က ကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှု တွေ အတွက် အာဂျင်တီးနား ဖက်ဒရယ် တရားရုံးက အကြီးဆုံး ကြားနာမှု ကြီး စတင် နေပြီ ဖြစ်ပါတယ်။

လူ ၆၈ ယောက်ကို ပြန်ပေးမှု၊ ညှဉ်းပန်း နှိပ်စက်မှု စစ်တပ်ထဲက လက်ဝဲ အတိုက်အခံ တွေကို သတ်ဖြတ်မှု တွေ အပါအဝင် စွဲချက် တရာ ကျော်နဲ့ စွဲဆို ထားတာ ဖြစ်ပါတယ်။

စစ်အစိုးရ ခေတ်က ပျောက်ဆုံး သွားတဲ့ ကလေး သူငယ် သားကောင်များ လှုပ်ရှားမှုက Carlos Pizzoni ကလဲ ရေတပ် စက်မှုကျောင်း က လူမဆန်တဲ့ ရာဇဝတ်မှု တွေ အတွက် တရားခွင်ကို စခဲ့နိုင်ပြီမို့ အာဂျင်တီးနား ပြည်သူ တွေ အားလုံး အတွက် အင်မတန် အရေးကြီးတဲ့ နေ့ပါလို့ ပြောဆို သွားပါတယ်။

ကြမ်းကြုတ် ရက်စက်တဲ့ ထိန်းသိမ်းရေး စခန်း တခုမှာ ဖြစ်ပွား ခဲ့တဲ့ လူမဆန်တဲ့ ရာဇဝတ်မှု တွေကြောင့် ထောင်တသက် ကျခံ နေရတဲ့ သေမင်း တမန် အမည်ရ Alfredo Astiz လဲ အမှု ရင်ဆိုင် နေရပါတယ်။

ယုတ်မာ ရက်စက်တဲ့ စစ်ပွဲ လို့ ခေါ်တွင်ကြတဲ့ ကာလ ကြီး အတွင်း လူ ၃ သောင်း ကျော် အသက်ဆုံး ခဲ့ရတယ်လို့ ဒီရာဇဝတ်မှု တွေ ဖော်ထုတ်ရေး လှုံ့ဆော် နေသူ တွေက ခန့်မှန်း ထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။