BBC navigation

မွတ်ဆလင်ညီနောင်များ လူထုစည်းဝေးပွဲ ဖျက်သိမ်း

နောက်ဆုံး ရေးသားချိန် 27 နိုဝင်ဘာလ 2012 - 00:58 GMT

မွတ်ဆလင် ညီနောင်များ အဖွဲ့ ဆိုင်းဘုတ်

အီဂျစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သူ့ကိုယ်သူ လုပ်ပိုင်ခွင့် အာဏာတွေ ထပ်တိုးပေးခဲ့တဲ့ သမ္မတ မော်စီကို ထောက်ခံတဲ့အနေနဲ့ ဒီနေ့အင်္ဂါနေ့မှာ လူထုဆန္ဒပြပွဲ ကျင်းပဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်တယ် မွတ်ဆလင် ညီနောင်များ အဖွဲ့က ပြောပါတယ်။

အတိုက်အခံ ပါတီတွေကလည်း ဆန္ဒပြဖို့ စီစဉ်နေတာကြောင့် အခုလို ဆုံးဖြတ် ရတာဖြစ်ပြီး ဒါဟာ အကြမ်းဖက်မှုက ကာကွယ်ဖို့ပါလို့ အဲဒီ အဖွဲ့က ပြောပါတယ်။

သမ္မတ အနေနဲ့ သူ့ဖာသာသူ ထပ်ဆောင်းပေးထားတဲ့ အမိန့်ဒီကရီ အားလုံးကို ပြန်လွှဲပေးဖို့ အတိုက်အခံတွေက တောင်းဆိုနေပါတယ်။

တချိန်တည်းမှာ သမ္မတ မော်စီကတော့ အဆင့်မြင့် တရားသူကြီးချုပ်တွေနဲ့ ဆွေးနွေးနေပြီး ပဋိပက္ခ ပြေလျော့လာအောင် ကြိုးစားနေပါတယ်။

သမ္မတ အနေနဲ့ လွှဲထားပြီးသား အမိန့် ဒီဂရီကိုတော့ ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး ၊ အချုပ်အချာ အရ လွှဲပြောင်းလိုက်တဲ့ လုပ်ပိုင်ခွင့် အာဏာသစ်ကို ကန့်သတ်ထားဖို့ တရားသူကြီးတွေကို ထပ်လောင်း အသေအချာ ပြောကြားခဲ့တယ်လို့ သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဒါ့အပြင် သမ္မတဟောင်း မူဘာရက်ကိုလည်း အထောက်အထားသစ်တွေ မတွေ့မချင်း နောက်ထပ် ရုံးတင် စစ်ဆေးမှုတွေ လုပ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။