BBC navigation

ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် အသစ်ခန့်

နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2012 - 00:53 GMT
ညွှန်ကြားရေးမှူးချုပ် အသစ်လော့ဒ်ဟောလ်

ညွှန်ကြားရေးမှူးချုပ် အသစ်လော့ဒ်ဟောလ်

ဘီဘီစီ ညွှန်ကြားရေးမှူး ချုပ် အသစ် အဖြစ် ၂ဝဝ၁ ခုနှစ်ထိ ဘီဘီစီ သတင်း ဌာန အကြီးအကဲဟောင်း လုပ်ခဲ့တဲ့ တိုနီဟောကို ခန့်အပ် လိုက်ပါတယ်။

သူဟာ Royal Opera House တော်ဝင် ကဇာတ်ရုံကြီးရဲ့ အကြီးအကဲ အဖြစ်လက်ရှိ တာဝန်ယူထားသူ ဖြစ်ပါတယ်။

အသက် ၆၁ နှစ် အရွယ် Lord Hall ဟာ ယာယီ ညွှန်ကြားရေးမှူးချုပ် Tim Davငe ထံကနေ မတ်လ ကုန်မှာ လွှဲပြောင်းယူမှာ ဖြစ်ပြီး တနှစ်ကို လစာ ပေါင်၄သိန်းခွဲ ရမှာ ဖြစ်ပါတယ်။

သူဟာ ၁၉၇၃ ခုနှစ်က ဘီဘီစီမှာ အလုပ်သင် သတင်းသမား အဖြစ် စတင် ထမ်းဆောင်ခဲ့ပြီး ၂၈ နှစ် သက်တမ်းအတွင်း Radio Five Live ဘီဘီစီ သတင်းဝက်ဆိုက် ဘီဘီစီ ပါလီမန်စတဲ့ ဌာနအကြီးအကဲ တာဝန်တွေကို ထမ်းဆောင် ခဲ့ဘူးပါတယ်။

ဘီဘီစီ ထရပ်စ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လော့ပက်တင်ကတော့ လက်ရှိ အကျပ်အတည်းတွေ ကနေ လွန်မြောက်ဖို့ လော့ဟောဟာ အသင့်တော်ဆုံး ပုဂ္ဂိုလ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

လော့ဟောကလည်း သူ့အနေနဲ့ ကမ္ဘာ့အဆင့် အဖွဲ့အစည်းကြီး အတွက် ကမ္ဘာ့အဆင့် သတင်းသမားတွေ တည်ထောင်သွားမယ်လို့ ပြောကြားသွားပါတယ်။

လေဘာပါတီ ခေါင်းဆောင် Ed Milliband ကတော့ လော့ဟော်လ်ကို ခန့်တာ အသင့်တော်ဆုံးလို့ ကြိုဆိုလိုက်ပြီး သူ့အနေနဲ့ ဘီဘီစီအပေါ် ယုံကြည်မှုတွေ ရအောင် ပြန်တည်ဆောက်ပြဖို့လိုမယ်လို့ တုန့်ပြန်လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။