BBC navigation

အစ္စရေးဘက်က အရံတပ်သားတွေကို ဆင့်ခေါ်

နောက်ဆုံး ရေးသားချိန် 15 နိုဝင်ဘာလ 2012 - 22:20 GMT
ဂါဇာကနေ ဒုံးလက်နက်နဲ့တိုက်ခိုက်

ဂါဇာကနေ ဒုံးလက်နက်နဲ့တိုက်ခိုက်

ဂါဇာဒေသနေ ပါလက်စတိုင်းတွေပစ်တဲ့ ရော့ကက်တွေဟာ နယ်စပ်ကနေ အတွင်းကို မိုင်ပေါင်း ၄၀ကျော် ၅၀နီးပါး ရောက်ပါတယ်။

ဒါဟာ ပါလက်စတိုင်းတို့ ပစ်တဲ့ဒုံးလက်နက် အဝေးဆုံး ရောက်တဲ့ အကွာအဝေး ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ နောက်ပိုင်း အစ္စရေးရဲ့ လူဦးရေ ထူထပ်တဲ့ နေရာကို ရော့ကက်နဲ့ ခြိမ်းခြောက် အပစ်ခံရတာ အခုအချိန်ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

တဲလ်အဗစ်မြို့ကို သူတို့ Fajr 5 ဆိုတဲ့ ဒုံးလက်နက် ပစ်တာလို့ ပါလက်စတိုင်း အစွန်းရောက် အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ကပြောပါတယ်။

အခု အီရန်ကရတဲ့ ဒီဒုံးလက်နက် တွေဟာ မိုင်၅၀လောက် အကွာအဝေးထိ အများဆုံး ပစ်နိုင်တဲ့ လက်နက် ဖြစ်ပါတယ်။

အစ္စရေးကတော့ဒီFajr 5 ဒုံလက်နက်တွေ ဖွက်ထားတဲ့ နေရာ အများအပြား ဖျက်ဆီးနိုင်တယ်လို့ ပြောနေပါတယ်။

အခုလို တယ်လ်အဗစ်ကို ပစ်မှတ်ထား တိုက်ခိုက် တာဟာ အစ္စရေး ဘက်က မြေပြင်မှာ ပိုပြီး အပြင်းအထန် တိုက်လာဖို့ လမ်းဖွင့်လိုက် သလို ဖြစ်ပြီး အစ္စရေးက အရန်တပ်ဖွဲ့ သုံးသောင်းကို ဆင့်ခေါ်လိုက်ပါပြီ။

အစ္စရေးအရာရှိတွေကတော့ ဘာဆက်လုပ်မလဲဆိုတာပြောဖို့ငြင်းဆန်လိုက်ပြီး ရွေးစရာလမ်းတွေ အားလုံး ဖြစ်နိုင်ချေ ရှိတယ်လို့ပြောနေကြပါတယ်။း

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။