BBC navigation

ဆီးရီးယားအတိုက်အခံတွေ တလှမ်းတိုးနိုင်ခဲ့ပြီလို့ ဝီလီယံဟိဂ်ပြော

နောက်ဆုံး ရေးသားချိန် 13 နိုဝင်ဘာလ 2012 - 15:58 GMT
british_foreign_secretary_william_hague

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိဂ်

ဆီးရီးယား အတိုက်အခံ အဖွဲ့တွေ ပေါင်းစည်း လက်တွဲ နိုင်ခဲ့ကြတာဟာ ရှေ့ကို ကြီးမားတဲ့ ခြေတလှမ်း တိုးနိုင်ခဲ့တာ ပဲ ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိဂ်က ပြောပါတယ်။

ဒါပေမယ့် သူတို့တွေကို ဆီးရီးယား နိုင်ငံကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း အဖြစ် ဗြိတိန်ဘက်က အသိအမှတ် ပြုလာနိုင်အောင် အထိတော့ အများကြီး လုပ်သွား ရဦးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

တခါပြင်သစ်ကလည်း ဒီလို လက်တွဲ နိုင်ခဲ့ကြတာကို ထောက်ခံကြောင်း ပြောပါတယ်။ဒါပေမယ့် အသိအမှတ်ပြုတာ မျိုးလောက် အထိတော့ မလုပ်ခဲ့ပါဘူး။

အာရပ်အဖွဲ့ချုပ် ဘက်ကတော့ ဒီအတိုက်အခံ ညွန့်ပေါင်း အဖွဲ့ကြီးကို ဆီးရီးယား ပြည်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း အဖြစ် အသိအမှတ် ပြုသင့်တယ်လို့ ပြောပါတယ်။ လက်ရှိ အချိန်အထိတော့ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ တခုကသာ ဒီညွန့်ပေါင်း အဖွဲ့ကို တရားဝင် အသိအမှတ် ပြုပေး ထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။