BBC navigation

အတိုက်အခံ ညွန့်ပေါင်းကို ဂျီစီစီ အသိအမှတ်ပြု

နောက်ဆုံး ရေးသားချိန် 13 နိုဝင်ဘာလ 2012 - 00:59 GMT

ပင်လယ်ကွေ့ ကောင်စီ အစည်းအဝေး

အသစ် ဖွဲ့လိုက်တဲ့ ဆီးရီးယား အတိုက်အခံ ညွှန့်ပေါင်း အဖွဲ့ဟာ လူထုကို တရားဝင် ကိုယ်စားပြုတဲ့ အဖွဲ့ အဖြစ် အသိအမှတ် ပြုကြောင်း ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီက ကြေညာလိုက် ပါတယ်။

အဲဒီ ကောင်စီ အဖွဲ့ထဲမှာ ဆော်ဒီ အာရေဗျ ၊ ကာတာတို့ ပါဝင်ကြပြီး ဒီနှစ်နိုင်ငံဟာ ဆီးရီးယား အတိုက်အခံ တွေကို ထောက်ခံတဲ့ အာရပ် ကမ္ဘာက အရေး အပါဆုံး နိုင်ငံတွေ ဖြစ်ပါတယ်။

ဆီးရီးယာ အတိုက်အခံ အုပ်စုတွေ ကာတာ နိုင်ငံမှာ တွေ့ဆုံကာ အလယ်အလတ် အစ္စလာမ် ဝါဒီ ဘာသာရေး ခေါင်းဆောင် Ahmad Moaz al-Khatib ရဲ့ ဦးဆောင်မှု အောက်မှာ ညီညွတ်တဲ့ ညွန့်ပေါင်း အဖွဲ့တခု ဖွဲ့ဖို့ သဘောတူ ခဲ့ကြပြီး နောက်တနေ့မှာ အခုလို ပင်လယ်ကွေ့ ကောင်စီ ကြေညာချက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။