BBC navigation

ဘီဘီစီသတင်းဌာန အကြီးအကဲ ၂ ဦးကို တာဝန်ရပ်နား

နောက်ဆုံး ရေးသားချိန် 12 နိုဝင်ဘာလ 2012 - 14:13 GMT

ကွယ်လွန်သွားပြီး ဖြစ်တဲ့ Jimmy Szvile ရဲ့ လိင်မှု အရှုပ်တော်ပုံ ကိစ္စကို စစ်ဆေးနေစဉ် တာဝန်တွေကို ရပ်နားထား

ဘီဘီစီ အသံလွှင့် ဌာန အကြီးအကဲ နှုတ်ထွက် သွားပြီးတဲ့နောက် နောက်ထပ် ဘီဘီစီ သတင်းပိုင်း ဆိုင်ရာ အကြီးအကဲ Helen Boaden နဲ့ သူ့ရဲ့ လက်ထောက်ဖြစ်သူ Steve Mitchell တို့ နှစ်ယောက် စလုံးလည်း ဘီဘီစီရဲ့ သတင်းပိုင်း ဆိုင်ရာ တာဝန်ယူမှုတွေ ကနေ ခေတ္တ ဘေးဖယ် ထားလိုက် ပါတယ်။

ပြဿနာရဲ့ မူလ အစ ဖြစ်တဲ့ ဘီဘီစီ အစီအစဉ် တင်ဆက်သူ Jimmy Szvile က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ကလေးငယ်တွေ အပေါ် မတော် မတရား ပြုလုပ်ခဲ့တယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး မှုတွေ ပြုလုပ် နေစဉ်မှာ အခု ဘီဘီစီရဲ့ အကြီးအကဲ နှစ်ယောက်က သူတို့ တာဝန်တွေ ကနေ ခေတ္တ ဖယ်ပေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ News Night ရုပ်မြင်သံကြား အသံလွှင့် အစီအစဉ် က ဖော်ပြခဲ့တဲ့ သတင်း တပုဒ်မှာ ဗြိတိသျှ နိုင်ငံရေး သမားကြီး တစ်ယောက်ကို မှားယွင်း စွပ်စွဲမိခဲ့မှု ပါသွားခဲ့ ပြီးတဲ့နောက် ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် George Entwistle က တာဝန် ယူပြီး နှုတ်ထွက် သွားခဲ့ပါတယ်။

News Night အစီ အစဉ် ထုတ်လွှင့်မှုမှာ တာဝန်ရှိသူ the Bureau of Investigative Journalism ရဲ့ အယ်ဒီတာ Iain Overton လည်း အခု ရာထူးကနေ နုတ်ထွက် သွားပါတယ်။

ယာယီ ခန့်အပ်ခံရတဲ့ ညွှန်ကြားရေးမှူးချုပ် Tim Davie က မှားယွင်းတဲ့ သတင်း ထုတ်လွှင့် ခဲ့မှုဟာ ဘီဘီစီ News ဌာနရဲ့ စီမံ ခန့်ခွဲမှုပိုင်း ရှုပ်ထွေးမှု ကြောင့် ဖြစ်တယ်လို့ ပြောပါ တယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။