BBC navigation

ရုရှားမှ လက်နက်ဝယ်မယ့် အစီအစဉ် အီရတ် ရုပ်သိမ်း

နောက်ဆုံး ရေးသားချိန် 10 နိုဝင်ဘာလ 2012 - 15:51 GMT

အီရတ် ဝန်ကြီးချုပ် မော်စကို ရောက်စဉ် သံသယ ဖြစ်ခဲ့

အီရတ်ဟာ ရုရှား ကနေ လက်နက်တွေ ဝယ်ယူဖို့ သဘော တူညီမှုကို ရုပ်သိမ်းလိုက် ပါတယ်။

တကယ်တော့ ရုရှား ကနေ လက်နက် ဝယ်ဖို့ သဘောတူ ခဲ့တာ ကတော့ ပြီးခဲ့တဲ့ လတုန်းက အီရတ် ဝန်ကြီးချုပ် နိုရီ အယ်လ် မာလကီ ရရှားကို သွားရောက်စဉ်က သဘောတူ ခဲ့ကြတာ ဖြစ်ပါ တယ်။

ဒေါ်လာ သန်း ၄၂၀၀ ဖိုးလောက် ရှိတဲ့ လက်နက်တွေ ဝယ်ယူဖို့ စာချုပ်ပါ။ အဲဒီ ထဲမှာ စစ် ရဟတ်ယာဉ်တွေ၊ မြေပြင်က ဝေဟင်ပစ် လက်နက်တွေလည်း ပါဝင်ပါတယ်။

ဒါဟာ ဆိုရင် အီရတ်မှာ ဆဒမ် ဟူစိန် ပြုတ်ကျပြီး နောက်ပိုင်း အီရတ်နဲ့ ရုရှား တို့ကြား ပထမဆုံးနဲ့ အကြီးဆုံး လက်နက် ရောင်းဝယ်မှု ကြီးလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် နိုရီ အယ်လ်မာလကီရဲ့ အကြံပေး ပြောတာ ကတော့ ဝန်ကြီးချုပ်ရဲ့ အစိုးရ အဖွဲ့တွင်းမှာ လာဘ်ပေး လာဘ်ယူမှု ရှိနေ တယ်လို့ သံသယ ရှိတဲ့ အတွက် အခုလို စာချုပ်ကို ရပ်စဲ လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာချုပ်ကို ပြန်လည် သုံးသပ် မယ်လို့ ဆိုပါတယ်။

အီရတ်ဟာ ဆယ်စုနှစ်ပေါင်း များစွာ ရုရှား ကနေ စစ်လက်နက် ဝယ်ယူတဲ့ ရုရှားရဲ့ အားထားရတဲ့ အဓိက ဖောက်သည်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် အီရတ်ကို အမေရိကန်တွေ ဝင်ရောက် တိုက်ခိုက် ပြီးနောက် အီရတ် စျေးကွက်ကို ဆုံးရှုံး လိုက်ပြီလို့ ရရှားတို့က ယူဆ ထားခဲ့ကြတာပါ။ ဒီစာချုပ် အရ အရောင်း အဝယ် လုပ်ဖြစ်ရင် ရုရှားဟာ အမေရိကန် ပြီးရင် အီရတ်ရဲ့ ဒုတိယ အကြီးဆုံး လက်နက် တင်ပို့ ရောင်းချသူလည်း ဖြစ်ပါတယ်။

အီရတ် အစိုးရ ကလည်း နောက်ပိုင်း ပြောတာက သူတို့ အစိုးရအ နေနဲ့ လက်နက် တွေကို တနိုင်ငံတည်းက မဝယ်ပဲ ဖြန့်ကြက် ဝယ်ယူမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။