BBC navigation

မုန်တိုင်း ရှင်းလင်းရေး စတင်

နောက်ဆုံး ရေးသားချိန် 31 အောက်တိုဘာလ 2012 - 02:17 GMT
sandy

မုန်တိုင်းအလွန် နယူးယောက်

စန္ဒီ မုန်တိုင်း အရှိန် လျော့ သွားပြီးနောက် အမေရိကန် အရှေ့မြောက် ပြည်နယ်တွေမှာ ရှင်းလင်းရေး တွေ စနေပါပြီ။

နယူးယော့မှာ လမ်းတံတားတွေ ပြန်ဖွင့် နိုင်ပေမယ့် လျှပ်စစ်မီးနဲ့ လမ်းပန်း ပို့ဆောင်ရေးတွေ ပြန်ကောင်းဖို့ ရက်နဲ့ချီ ကြာမယ်လို့ သိရပါတယ်။

နယူးယော့ စတော့ အိပ်ချိန်း ရုံးကို ဗုဒ္ဓဟူးနေ့မှာ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။

မန်ဟတ္တန် ကျွန်း အနိမ့်ပိုင်းမှာ အခြေအနေ ပိုဆိုးတယ်လို့ နယူးယော့က မြန်မာတွေက ပြောပါတယ်။

နောက်တပတ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွက် သမ္မတ အိုဘားမား မဲဆွယ်ပွဲ တွေကို တတိယ နေ့ အဖြစ် ရပ်ဆိုင်း ထားပါတယ်။

ဒီမုန်တိုင်းကြောင့် မြောက်အမေရိကမှာ လူ ၃ဝ လောက် သေဆုံး ခဲ့ရပြီး အနောက်မြောက်ဘက် ကုန်းတွင်းပိုင်းကို ဆက် ရွေ့လျား နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။