BBC navigation

ဆန္ဒပြလို့ တရုတ်စက်ရုံ ဆိုင်းငံ့

နောက်ဆုံး ရေးသားချိန် 29 အောက်တိုဘာလ 2012 - 01:12 GMT
china

ဆန္ဒပြ သူတွေနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်

တရုတ် နိုင်ငံ အရှေ့ပိုင်း နင်ဘို မြို့မှာ ဆူပူ ဆန္ဒပြမှု တွေကြောင့် ရေနံ ဓာတု စက်ရုံ တိုးချဲ့မယ့် အစီအစဉ်တွေ ကို ဆိုင်းငံ့ ထားမယ်လို့ မြို့ခံ အာဏာပိုင် တွေက ဆိုပါတယ်။

ညစ်ညမ်းမှု တွေနဲ့ ဆက်စပ် နေတဲ့ ကျန်းမာရေး ပြဿနာ တွေကြောင့် ဒီတိုးချဲ့မယ့် အစီအစဉ် ကို ဆန္ဒပြ ကန့်ကွက် ကြတာ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့ အစောပိုင်းကလဲ နင်ဘိုမြို့ စည်ပင်သာယာ ရုံးရှေ့မှာ အရင်ဖမ်းထားတဲ့ ဆန္ဒပြ သူတွေ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြ သူတွေနဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပါတယ်။

နင်ဘို မြို့ အုပ်ချုပ်ရေး အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အဆို အရ ဒီပရောဂျက် အတွက် နောက်ထပ် ဘာမှ ဆက်မလုပ်ဘဲ ရပ်ဆိုင်း ထားမယ်လို့ သိရပါတယ်။

ဒေသန္တရ အစိုးရ ရုံး ဝက်ဆိုက်မှာလဲ နောက်ထပ် နည်းပညာ ဆွေးနွေးမှု တွေ လုပ်ဖို့ နှိုးဆော် ထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။