BBC navigation

နိုင်ဂျီးရီးယား ဗုံးပေါက်ကွဲမှု လူ ၄ ဦး သေဆုံး

နောက်ဆုံး ရေးသားချိန် 28 အောက်တိုဘာလ 2012 - 14:13 GMT
Nigeria blast

အသေခံ ဗုံးခွဲ သမားဟာ ဂျစ်ကား တစီးနဲ့ ဘုရားကျောင်း နံရံကို ဝင်တိုက် ခဲ့တာ ဖြစ်ပါတယ်

နိုင်ဂျီရီးယား နိုင်ငံ မြောက်ပိုင်း ကဒူနာ မြို့က ရိုမန် ကက်သလစ် ခရစ်ယာန် ဘုရာကျောင်းမှာ အင်အား ပြင်းတဲ့ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ ပါတယ်။

အသေခံ ဗုံးခွဲ သမားဟာ ဂျစ်ကား တစီးနဲ့ ဘုရားကျောင်း နံရံကို ဝင်တိုက် ခဲ့တာ ဖြစ်တယ်လို့ အဲဒီ နေရာမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘုရားကျောင်း အဆောက် အဦး အတွင်းပိုင်းမှာ လုံးဝ ပျက်ဆီး သွားခဲ့ပြီး အနီး အနားက စျေးဆိုင် တွေနဲ့ အိမ်တွေရဲ့ အမိုးတွေလည်း လန်ထွက် ကုန်တယ်လို့ သတင်းထောက်က ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံး သွားပြီး အများ အပြား ဒဏ်ရာ ရရှိသွားတယ်လို့ ဘုရားကျောင်း တာဝန် ရှိသူ တဦးက ပြောပါတယ်။

အခုလို ဘုရားကျောင်း တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် ဒေါသ ဖြစ်နေကြတဲ့ ခရစ်ယာန် လူငယ်တွေဟာ ကယ်ဆယ်ရေး လုပ်ဖို့ ဘုရားကျောင်းကို သွားနေတဲ့ အစိုးရ ယာဉ်တစီးကို တိုက်ခိုက် ခဲ့ကြောင်း အရာရှိတွေက ပြောပါတယ်။

အဲဒီ ဒေသဟာ ဘာသာရေး အရ တိုက်ခိုက်မှုတွေ အများ အပြား ဖြစ်ပွား နေတဲ့ ဒေသ ဖြစ်ပြီး၊ တိုက်ခိုက်မှု အများ အပြား ကတော့ ဘိုကို ဟာရမ်း အစ္စလာမ် အဖွဲ့က လုပ်ဆောင် နေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။