BBC navigation

တောင်အာဖရိက မိုင်းလုပ်သားတွေ အလုပ်ပြန်ရမယ်

နောက်ဆုံး ရေးသားချိန် 27 အောက်တိုဘာလ 2012 - 16:11 GMT
south_africa_miners

အလုပ်သမားတွေဟာ ခွင့်ပြုချက် မရှိဘဲ ကုမ္ပဏီ ကို သပိတ်မှောက် ခဲ့တာ ကြောင့် အလုပ်ထုတ် ခံခဲ့ရ

ကမ္ဘာ့ အကြီးဆုံး ပလက်တီနမ် ထုတ်လုပ်တဲ့ အန်ဂိုလာ အမေရိကန် ပလက်တီနမ် ကုမ္ပဏီ ကနေ အလုပ်ထုတ် ခံခဲ့ရတဲ့ တောင်အာဖရိက မိုင်းလုပ်သား ၁ သောင်း ၂ ထောင်ကို အလုပ် ပြန်ပေးဖို့ အဲဒီ ကုမ္ပဏီက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ အလုပ်သမားတွေဟာ ခွင့်ပြုချက် မရှိဘဲ ကုမ္ပဏီကို သပိတ်မှောက် ဆန္ဒပြ ခဲ့တာ ကြောင့် အလုပ်ထုတ်ခံ ခဲ့ရတာ ဖြစ်ပါတယ်။

အလုပ်သမားတွေ အနေနဲ့ လာမယ့် အင်္ဂါနေ့ လောက်မှာ အလုပ် ပြန်ဝင် ကြမယ် ဆိုရင် ကုမ္ပဏီ ကနေ ပြန် လက်ခံ သွားမှာ ဖြစ်တယ်လို့ တောင်အာဖရိက မိုင်းအလုပ်သမား သမဂ္ဂ က ပြောပါတယ်။

သပိတ်မှောက် ဆန္ဒပြ မှုတွေနဲ့ ဆက်စပ်ပြီး လုပ်ငန်းခွင် ထဲမှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက် မှုတွေ အတွင်း လူပေါင်း ဒါဇင်နဲ့ ချီ သေဆုံး သွားခဲ့ ရပါတယ်။

အခု ဆိုရင် တောင်အာဖရိကရဲ့ စက်မှု လုပ်ငန်းတွေဟာ အရှိန် ကျလာ နေခဲ့ပြီး၊ အခုလို သပိတ် ဆင်နွှဲမှုတွေ ကြောင့်လည်း နိုင်ငံ တကာ ရင်းနှီး မြုပ်နှံမှုတွေ ရှိနေတဲ့ တောင်အာဖရိကရဲ့ ဂုဏ်သိက္ခာ ကိုပါ ဆိုးဆိုး ဝါးဝါး ထိခိုက် စေခဲ့ တယ်လို့ တောင်အာဖရိက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။