BBC navigation

အိုဘားမား ကြိုတင် မဲပေး

နောက်ဆုံး ရေးသားချိန် 26 အောက်တိုဘာလ 2012 - 01:03 GMT
obamavote

ကြိုတင် မဲပေး တာ ကောင်းကြောင်း သိစေချင်

နောက်လ ကျင်းပတော့မယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ သမ္မတ အိုဘားမားက သူ့ဇာတိ ချီကာဂို မြို့မှာ ကြိုတင် မဲပေး ခဲ့ပါတယ်။

သူဟာ ပထမဆုံး ကိုယ်တိုင် ကြိုတင်မဲ ပေးတဲ့ အမေရိကန် သမ္မတ ဖြစ်ပါတယ်။

အိုဘားမားက ပြည်သူ တွေကို ကြိုတင် မဲပေး တာ ကောင်းကြောင်း သိစေချင်လို့ ပေးခဲ့တာလို့ သတင်းထောက် တွေကို သူက ပြောပြီး ကြိုတင်မဲ ပေးကြသူ တွေကို ကျေးဇူးတင် ကြောင်း ပြောကြား ခဲ့ပါတယ်။

ရွေးကောက်ပွဲ ကို နိုဝင်ဘာလ ၆ ရက် နေ့မှာ ကျင်းပ မှာ ဖြစ်ပေမယ့် အမေရိကန် နိုင်ငံသား အများအပြား ကြိုတင်မဲ ပေးနေကြပါပြီ။

ကြိုတင် စစ်တမ်းကောက်ခံ ချက်တွေအရ အကြိတ်အနယ် ပြိုင်ရမယ့် ရွေးကောက်ပွဲ ဖြစ်တာမို့ သမ္မတ လောင်း နှစ်ယောက်လုံးက မဲများများစားစား ရဖို့ အလျင် လိုနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။