BBC navigation

ထောက်လှမ်းရေးအရာရှိ သေဆုံးမှု ဘေရွတ်မှာ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 21 အောက်တိုဘာလ 2012 - 15:52 GMT

အစိုးရ အနေနဲ့ ဗိုလ်ချုပ်ကြီး ဟတ်ဆန်ကို အကာ အကွယ် မပေးနိုင်ခဲ့ဘူး ဆိုပြီး ဆန္ဒပြသူတွေ အမျက်ထွက်

သောကြာနေ့က လုပ်ကြံခံ ခဲ့ရတဲ့ လက်ဘနွန် ပြည်တွင်းထောက်လှမ်းရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဝစ်ဆမ် အဲလ် ဟတ်ဆန်ရဲ့ စျာပန အခမ်းအနားကို လာရောက် ကြသူတွေဟာ ဒေါသ တကြီးနဲ့ ဘေရွတ်မြို့လယ်က အစိုးရရုံး ဌာနချုပ် ဆီကို ချီတက် ဆန္ဒပြဖို့ ကြိုးစားခဲ့ကြ ပါတယ်။

ဆန္ဒပြသူတွေဟာ လုံခြုံရေး အတား အဆီးတွေကို ရိုက်ချိုး ဖျက်စီးပြီး ချီတက်ခဲ့ရာ ရဲတွေနဲ့ ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။ ရဲတွေ ကနေ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံး တွေနဲ့ ပစ်ခတ်ခဲ့ သလို သေနတ်တွေ ကိုလည်း မိုးပေါ် ထောင်ဖေါက်ခဲ့ ပါတယ်။

ခဏအကြာ မှာတော့ လက်ဘနွန် အတိုက်အခံ ခေါင်းဆောင် ဆတ် အဲလ် ဟာရီရီ က တည်တည် ငြိမ်ငြိမ် ရှိကြဖို့ ပန်ကြားကာ၊ ဆန္ဒပြသူတွေ နောက်ပြန် ဆုတ်ဖို့ တိုက်တွန်းခဲ့ပြီး နောက် ဆန္ဒပြ လူအုပ်ကြီးဟာ လူစုခွဲသွား ကြပါတယ်။

ဆန္ဒပြသူတွေက အစိုးရ အနေနဲ့ ဗိုလ်ချုပ်ကြီး ဟတ်ဆန်ကို အကာ အကွယ် မပေးနိုင်ခဲ့ဘူး ဆိုပြီး ဝန်ကြီချုပ် နာဂျစ် မီကာတီ ရာထူးက နှုတ်ထွက် ပေးဖို့ ဖိအားပေး တောင်းဆို နေကြ ပါတယ်။

ဒီသတ်ဖြတ်မှုကို ဆီးရီးယားက ကျူးလွန် ခဲ့တာ ဆိုပြီးလည်း ဆီးရီးယား အပေါ် ဒေါသ ဖြစ်နေကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။